အပြည်ပြည်ဆိုင်ရာincheon airportကိုရောက်တယ်ဆိုရင်ဘဲ ပတ်ခ် အွန်းနီ တယောက် မွေးရပ်မြေရဲ့ လေ ကို တဝ ကြီးရှုရှိုက်မိသည်။လွမ်းနေခဲ့တဲ့ ကိုးရီးယား အငွေ့အသက်တွေ။
*ဘယ်လိုလဲ ပျော်သွားပြီလား*
*ဒါပေါ့ လွမ်းနေခဲ့တာ အခုမှဘဲ အလွမ်းပြေတော့တယ်*
*လာ လာ အမေတို့ကို supriseဖစ်အောင် အိမ်ကိုမြန်မြန်သွားကြမယ်*
အထုတ်ပေါင်းများးစွာကိူ အငှားကားပေါ်တင်ပီး လင်မယားနှစ်ယောက် တပြုံးပြုံးနဲ့သာ ထွက်လာခဲ့သည်။ပြန်လာမှာကို ကြိုမပြောထားဘူးလေ။မာမီ တို့ရင် ဘယ်လောက်ဝမ်းသာလိုက်မလဲ။ဒါမှမဟုတ် ကြိုမပြောလို့ စိတ်ဆိုးနေမလား။အငယ်လေးကကော နှုတ်ခမ်းဆူနေမလား။တွေးကြ ည့်တာနဲ့တင် ကြည်နူးနေပြီ။နောက်ပြီး ထပ်အံ့ ဩစရာရှိသေးတယ်လေ။ဘာကြောင့် ပြန်လာရတဲ့ဆိုတဲ့အကြောင်းရင်းပေါ့
*ရောက်ပါပီ ဗျာ*
*အာ ဟုတ်ကဲ့*
နာရီ ဝက် ကြာတော့ အဖြူရောင် နှစ်ထပ်တိုက်အိမ်ရှေ့အငှား ကားလေးထိုးရပ်သွားသည်။တစ်လမ်းလုံး တိုက်တွေက အဖြူရောင်ဆိုပေမယ့် အွန်းနီတို့အိမ်ကျတော့ ဘေးအိမ်ဖစ်တဲ့ လေးလေးjeonတို့အိမ်နဲ့တွဲရက်မို့ တအိမ်ကို ပြောလိုက်ရင် နောက်တအိမ်ကိုပါ သိတယ်လေ။နောက်ပြီး လေးလေးjeonတို့အိမ်က မိုးပြာရောင်လေးမို့ မှားစရာ အိမ်မရှိဘူး။အိမ်ရှေ့ရောက်တော့
လူခေါ်ဘဲလ် ကိူ မနှိပ်ခင် ဘေးဘီကိူ ဝေ့ ကြည့်လိုက်သည်။ဘာမှ ထွေထွေ ထူးထူး ပြောင်းလဲမသွားပေမယ့် အရင်က ဆော့နေကျ ကစားကွင်းလေးးက အခုတော့ ကစားကွင်းကြီးဖစ်သွားပြီ။အိမ်ရှေ့ မျက်စောင်းထိူးကွင်း သေးသေးလေးထဲမှာ ဒါန်း ရယ် ။လျှော ရယ်။ ပိုက်ကွန်လေးရယ်။ဒါလေးဘဲရှိတာ။ကျောင်းဆင်းချိန်ဆို ပြေးလာပြီးဆော့ရတာအမော။အဆော့လွန်ပြီး အငယ်လေး ဒါန်း ပေါ်က ပြုတ်ကျလို့ အဆူခံရသေးတာ မှတ်မိသေးသည်။အာ့နောက်ပိုင်း မဆော့ဖစ်တော့ဘူး။အတန်းကြီးလာတာကြောင့် စာ ကိုသာ အာရုံထားနေရတော့ ဆော့ချိန်မရတော့ဘူးလေ။*တံခါးနှိပ်လိုက်လေ အွန်းနီ ။ပြုံးပြုံးကြီးနဲ့ ဘာဖစ်နေတာ*