လိုက်ကာစတွေကြားထဲကနေ တိုးဝင်လာတဲ့ နေရောင်အစက်ပျောက်လေးတွေက jiminရဲ့ မျက်နှာထပ် ကျရောက်လာသည် ။
ဒါကို နှစ်ခြိုက်စွာ အိပ်မောကျနေသူ ချစ်သူလေးကတော့မသိပေ။ဘယ်လောက်တွေပင်ပန်းပြီး အိပ်ရေးပျက်ထားလဲမသိဘူး ပုံမှန် နိုးနေကြ အချိန်ကိုကျော်နေပေမယ့် ချစ်သူလေးက အိမ်မက်ကမ္ဘာထဲ ရောက်နေသလားဘဲ။
ညက ji,jiရဲ့ ကိစ္စတွေကို သိချင်းလွန်းလို့ သူ့မှာ အိပ်တောင်မပျာ်ခဲ့ဘူး။မနက်လင်းလင်းခြင်းဘဲ ဖေဖေကို မေးကြည့်တော့ မှ သူ ပိုစိတ်မကောင်းဖြစ်မိသည်။
သူ့ကိုလည်း ပြောပြရမှာ အားနာနေပုံဘဲ။ဒါေပမယ့်လည်း မနေ့က သူ့မွေးနေ့ကို အတူတူဖြတ်သန်းဖို့ကိုဘဲ တတွင်တွင်ပြောနေခဲ့တယ်တဲ့။
ဒါကြောင့်လည်း တယောက်ထဲ အားငယ်နေရှာမယ့် ချစ်သူလေးဆီ jungkookအပြေးလာခဲ့သည်။စောင်ပုံတွေကြားထဲလူးလွန့်နေတဲ့ ချစ်သူလေးက နံနက်ခင်းအလင်းရောင်နဲ့အတူကြည်လင်နေသည်။ပြည့်ဖောင်းနေတဲ့ ပါးနှစ်ကို စိတ်ရှ်တိုင်းသာ ကိုက်လိုက်ရင်ကောင်းမလား။
ထို့နောက် နှာတံတိုတိုလေးကို သူ့လက်ကလေးနဲ့ တို့ထိလိုက်သည်။
အသဲယားစရာကောင်းလို့။နောက်ပြီး ထူအိနေတဲ့နှုတ်ခမ်းလေးက်ု လက်မလေးနဲ့ အသာ ပွတ်ဆွဲလိုက်သည်။
ဂျယ်လီတုံးလေးလိုဘဲ။ကြည့်နေရင်းကနေ မနေနိုင်တော့လို့ ထိုနှုတ်ခမ်းလေးကို ဖိကပ်နမ်းလိုက်သည်။*ပြွတ်စ်....ချစ်စရာလေး..*
ကုတင်ဘေးမှာ ထိုင်ကာ ချစ်သူလေးကို တစိမ့်စိမ့်ကြည့်မိသည်။သူ့အနမ်းကြောင့် အိပ်ယာက ဇာတ် ခနဲ နိုးထလာခဲ့သူ ji,ji..
လန့်သွားတာ ထင်တယ်။*Jack..*
*ပြွတ်စ် ...နိုးပြီလား..*
*အင်း..*
မျက်လုံးလေးဝိုင်းကာ သူ့ကို ကြည့်လာရင်း ရင်ခွင်ထဲ ခေါင်းတိုးဝှေ့ကာ ချွဲလာသည်။ထို့ကြောင့် jungkookလည်း နဖူးပြင်လေးကို ထပ်မံ အနမ်းပေးလိုက်သည်။
*ဘယ်တုန်းက ရောက်နေတာလဲ...*
*ညကတည်းက...*
*ဟမ်!*