တီးတောင်!!!!တီးတောင်!!!
ရေချိုးခန်းထဲကထွက်လာပြီး အောက်ပိုင်းတဘက်တစ်ထည်သာဝတ်ထားရင်း jungkookအကျီရှာနေတုန်း တံခါး ဘဲနှိပ်သံကြောင့်လုပ်လက်စကို ဘေးချကာ ထွက်လာခဲ့သည်။စောစောစီးစီး ဘယ်သူများလဲ။ဧည့်သည်ကေတာ့မလာဖူးပါဘူး။မေမေများလား.....
ချောက်!!!!!
*အာ..hobi hyung...*
*အင်း.....jungkook, shottingရှိလား....*
အဝတ်ထုတ်တစ်ထုတ်ဆွဲပြီး အခန်းထဲလိုက်ဝင်လာရင်းhobi hyung ကမေးသည်။
*ကြော်ငြာshootလေးရှိတယ်..လာမယ်ဆိုတာ ကြိုလည်း မပြောဘူး....အဆင်ပြေရဲ့လား hyung,မေမေ..*
*ဆုံးသွားပြီ....*
*ဟမ်...*
*မေမေ ဆုံးသွားပြီ..*
ပြောရင်းငိုချလိုက်တဲ့hobi hyung,ကြောင့်စိတ်မကောင်းဖြစ်သွားသည်။အမေတစ်ခုသားတစ်ခုဆိုတော့ ခံစားရမှာပေါ့.....
*စိတ်မကောင်းပါဘူး hyung,ရယ်....*
*ဟင့်...hyung, ....hyung......မေမေ့အသက်ကိူတောင် မမှီလိုက်ဘူး....ဟင့်...hyung,.....သွားတော့ ဆုံးသွားပြီတဲ့.....ဟင့်....*
ဆိုဖာပေါ်ကို ထိုင်ချပြီး လက်နှစ်ဖက်နဲ့ မျက်နှာကိုအုပ်ကာ အားရပါးရငိုချလိုက်တော့သည်။သူရင်ထဲမွန်းကျပ်လွန်းလို့ပါ။
သတင်းကြားပြီး ချက်ချင်းပြန်သွားခဲ့ပေမယ့် သူနယ်ကိုရောက်တော့ ဝေလီဝေလင်းဖြစ်နေပြီ။အိမ်ဘေးကသူတွေက ဆေးရုံတင်သွားတယ်ပြောလို့ ဆေးရုံကိုဘဲ မောင်းဖိူ့လုပ်ချိန်မှာဘဲ အိမ်ရှေ့ကိုဆေးရုံကားကထိုးရပ်လာသည်။နေကောင်းသွားလို့ ပြန်ခေါ်လာတာ ထင်တာ။နောက်မှ ဆုံးသွားလို့တဲ့လေ။
ဆို့နစ်လွန်းလို့ မငိုခဲ့ဘူး။မဟုတ်ဘူး မျက်ရည်မကျလာတာ။မယုံနိုင်ဘူးလေ။အမြဲ ဖျက်လတ်နေတဲ့မေမေက ချက်ချင်းကြီးဆုံးသွားတယ်တဲ့လား။
ဒေါ်ဒေါ်တို့က စ နေတယ်ဆိုပြီး အော်ရယ်လို့ ပါးရိုက်ခံရသေးသည်။ပထမဆုံးဘဲ မေမေတောင်မရိုက်ခဲ့တဲ့ပါးကို အဒေါ်က ရိုက်ခဲ့တာ။အသိစိတ်လွတ်နေသူလို ဘဲ။ခြံရှေ့မှာ ငုတ်တုတ်ထိုင်နေမိတာ နာရီပေါင်းများစွာကြာသည်။