zawgyi
" မြန်မြန်လုပ်လေ.. Taehyung... သွား.. သွား..."
အထက်တန်းကျောင်းတော်ကြီး၏ ဒုတိယနှစ် တန်းခွဲ C စာသင်ခန်းအတွင်း Taehyungကို တွန်းထည့်နေတဲ့ ဘော်ဒါတစ်သိုက်ကြောင့် Taehyung ခပ်တိုးတိုးဆဲရေးရင်း အကြီးအကျယ် စိတ်ပျက်လျက် တစ်ဖက်ကလည်း ကြောက်ဒူးတုန်နေသည် ။
ဖာ့ခ်!.. ငါ အဲ့အလောင်းအစားကို လက်မခံလိုက်သင့်တာ..။
နောင်တဆိုတာ ကုဆေးမရှိသည်မှာ အမှန် ။
အချိန်ကိုသာ နောက်ပြန်လှည့်လို့ရရင် လျှာရှည်ပြီး လောင်းကြေးစားကြေး လုပ်မိတဲ့ မိမိခေါင်းကိုသာ ခပ်နာနာ နဘမ်းကျဉ်းမိမှာဖြစ်သည် ။သူ အပေါက်ဝကို ရှုံ့မဲ့မဲ့မျက်နှာထားနှင့် လှမ်းကြည့်မိလျှင် ချစ်လှစွာသော အပေါင်းအသင်းရောင်းရင်းတို့က စာသင်ခန်းထဲက ခုံတစ်ခုမှာထိုင်ပြီး စာသင်ခုံပေါ် ခြေထောက်တင်၊ မျက်နှာပေါ်စာအုပ်တင်ကာ နောက်လှန်အိပ်နေသည့် ကျောင်းသားတစ်ယောက်ထံ မျက်နှာရိပ်မျက်နှာကဲတွေနှင့် သွားခိုင်းနေကြသည် ။
ဖာ့ခ်!!.. သူတို့လုပ်ရတာ မဟုတ်တိုင်း!!
Taehyung စိတ်ပေါက်ပေါက်နှင့် middle finger အထပ်ထပ်အခါခါ upပြလိုက်ပြီးမှ နောက်ကြောင်းပြန်လှည့်လို့လည်း မရတော့သည်မို့ ရဲဆေးသာ တင်လိုက်သည် ။
အေးလေ.. ငါက ယောက်ျားပဲ.. လုပ်ရဲရင် ခံရဲရမှာပေါ့...။
" Jeon... Jeon... Jungkook...."
မျက်နှာပေါ် စာအုပ်တင်ကာ အိပ်နေသည့် ကျောင်းသားထံသို့ Taehyung ချဉ်းကပ်သွားရင်းမှ အရဲစွန့်ကာ ခေါ်ဆိုလိုက်သည့် အသံတို့က တုန်ယင်နေသည် ။
တစ်ကျောင်းလုံးက ဖိန့်ဖိန့်တုန် ကြောက်ရသည့် Fighterကြီးကို စကားစရမည်ဆိုတော့ သူ အသံပင်မက တစ်ကိုယ်လုံး တုန်ယင်လာသည်မှာ အဆန်းတကြယ် မဟုတ်ချေ ။
" ကျစ်..."
Taehyung၏ ခေါ်သံကြောင့် အလိုမကျသလို စုတ်သပ်သံထွက်လာလျှင် Taehyung ခန္ဓာကိုယ်လေး တုန်တက်သွားရသည် ။
ချစ်လှစွာသော ဘော်ဒါများကလည်း Taehyungအဖြစ်အပျက်ကို ပုန်းလျှိုးကွယ်လျှိုး ခိုးကြည့်နေကြသည် ။
YOU ARE READING
♡ Romance in the School ♡ (Complete)
FanfictionKim Taehyung × Jeon Jungkook Sweet Romance, Comedy, Funny Taekook makes me happy.