Part ~ 2

14.2K 1.6K 147
                                    

zawgyi

စုပေါင်းကာယချိန် ။
အားကစားခန်းမအတွင်းမှာ Taehyungတို့ ဘော်ဒါတစ်သိုက်လည်း ဘောလုံးပစ်ဖမ်းကစားနည်းကို ဝင်ရောက်ကစားနေကြသည် ။

" Kim Taehyung outပြီ!!...."

ဘောလုံးမှန်သွား၍ Taehyungကစားပွဲကနေ ညည်းညူရင်း ထွက်လိုက်ရသည် ။
ကျန်သည့်အတန်းသားများကတော့ ဆက်လက်ဆော့ကစားနေကြသည် ။

အတန်းခေါင်းဆောင် Park Jiminကတော့ စာအပြင် အားကစားလည်း ထူးချွန်ကာ သူသာလျှင် ဒိုင်ခံပြီး ပြိုင်ဘက်အတန်းသားများကို ထွက်ရအောင်လုပ်နေသည် ။

Taehyungကတော့ စောစီးစွာပင် ပွဲကနေထွက်လိုက်ရသည်ဖြစ်၍ ပျင်းပျင်းနှင့် အားကစားခန်းမအတွင်း မျက်စိကစားနေစဉ် ကျောင်း၏ဂုဏ်ဆောင်အလှလေး Suzyက သူမ၏အဖွဲ့သားများနှင့်အတူ ပန်းဖွားများဖြင့် အကတိုက်နေသည်ကို မြင်လိုက်ရလျှင် စပ်ဖြီးဖြီးလေးဖြစ်သွားရကာ သူမတို့နှင့် မလှမ်းမကမ်းမှာ လမ်းသလားနေမိသည် ။

Suzyက အကတိုက်နေရင်းမှ Taehyungကိုမြင်သည့်အခါ အပြုံးလှလှလေးနှင့် လက်လှမ်းပြနှုတ်ဆက်သည် ။

အလယ်တန်းတည်းက Taehyungက Suzyနှင့် တစ်တန်းသားတည်းဖြစ်ခဲ့ကာ သိကျွမ်းခဲ့သည်မှာ အခုထက်ထိ ။
အထက်တန်းမှာ အတန်းကွဲသွားသော်လည်း Suzyကတော့ Taehyungကို ရင်းနှီးသည့်အပြုံးလေး ပေးမြဲပင် ။
အရွယ်ရောက်လာသည်နှင့်အမျှ လှသွေးကြွယ်လာသော Suzyကို Taehyungလည်း ယောက်ျားလေးသဘာဝအရ စိတ်ဝင်စားမိတာပေါ့ ။
အဲ့ဒီ့ထက် အရေးကြီးတာက Suzyကလည်း Taehyungကို စိတ်ဝင်စားနေသည်ဟု သူ့ယုံကြည်ချက်လေးက ကိန်းအောင်းနေသည် ။

" ဝါး... ခန္ဓာကိုယ်က... "

Taehyung အောက်နှုတ်ခမ်းပါးလေးကိုကိုက်ကာ ငမ်းကြောထနေစဉ် သူ့နောက်စေ့တည့်တည့် လာရောက်ထိမှန်သည့် Basket ဘောလုံးကြောင့် ဦးခေါင်းလေးရှေ့သို့ ငိုက်စိုက်ကျသွားသည် ။

" အားရှ်... ရှီးဘားလ်... ဘယ်ကောင်ပစ်..."

သူ့၏ဒေါသထွက်သလို မာန်မဲသံက မိမိတစ်ကိုယ်တည်းကြားရုံမို့သာ တော်သေးသည် ။

" ရား.. ဘောလုံးကောက်လာပေး... "

" Nae...."

Basketball ကစားနေကြသည့်သူများက ကျောင်း၏Fighterကြီး Jeon Jungkook Teamနှင့် စီနီယာတန်းက ရေခဲတုံးအချေမင်းသား မထင်ရင်မထင်သလို middle finger ထupတတ်သည့် Sunbae Min Yoongi Team ။

♡ Romance in the School ♡ (Complete)Where stories live. Discover now