Part ~ 24

10.3K 1.3K 241
                                    

zawgyi

" Jin Hyung..."

Seokjinတို့အိမ်ကို တစ်နေ့ နှစ်ခေါက်၊သုံးခေါက်ထပ်မနည်း ရောက်နေကျဖြစ်သည့် Namjoonက ဒီနေ့မှာလည်း ထပ်ရောက်ချလာကာ ပြောရခက်ဟန်နှင့် အောက်နှုတ်ခမ်းပါးကို တစ်ချက်ကိုက်လိုက်လျှင် ခွက်ဝင်သွားသော ပါးချိုင့်နက်နက်က နှစ်လိုဖွယ် ။

" ပြောလေ.. Namjoon.. ဘာမလို့ ပြောရခက်နေတာလဲ.."

Seokjin၏ စကားလမ်းကြောင်းဖွင့်ပေးမှုကြောင့် Namjoonက ရှက်ဝဲဝဲလေးမျက်လွှာပင့်ကြည့်လာသည် ။

" ကျွန်တော်... Dinner...ကို အပြင်မှာ Bookingလုပ်ထားတာ... အဲ့ဒါ... အတူလိုက်စားပေးမယ့်အဖော်က မလာနိုင်တော့လို့... အဲ့ဒါ Hyung.. အတူတူ လိုက်ပေးလို့ရမလား..."

" အေး.. မင်းသူငယ်ချင်းတွေကလည်း မလာနိုင်တဲ့သူတွေချည်းပဲလားဟ..."

" အာ.. အဲ့ဒါက..."

တစ်ခါလာ ဒီအကြောင်းပြချက်၊ နောက်တစ်ခါလာ ဒီအကြောင်းပြချက်ဆိုတော့ Seokjinက တဲ့တိုးဆိုလာသည့်အခါ Namjoon မည်သို့ဖြေရှင်းချက်ပေးရမည်မသိ ဖြစ်သွားသည် ။
ဒီတစ်ခါက ဒီလိုအကြောင်းပြချက်ကိုသုံးတာ နောက်ဆုံးအကြိမ်ပါပဲ..။
အခု Dinner dateမှာ သူက Jin Hyungကို တရားဝင်ချစ်ခွင့်ပန်ဖို့ ရည်ရွယ်ချက်နဲ့ပြင်ဆင်ထားခဲ့တာ..။

" နားလည်တယ်... နားလည်တယ်... သူတို့လည်း ကိစ္စတစ်ခုခု ပေါ်လာလို့နေမှာပေါ့.. ငါ လိုက်ခဲ့မယ်..."

Seokjinက သူ့အပေါ်ထားသော Namjoon၏သဘောထားကို နှမ်းစေ့မျှလောက်ပင် မရိပ်မိစွာ သူငယ်ချင်းတွေက Namjoonချိန်းဆိုတိုင်းပျက်ကွက်နေကြသည့်အခါ အားငယ်နေမည်စိုး၍ ပခုံးပုတ်ပြီးပင် နှစ်သိမ့်ပေးလိုက်သေးသည် ။

" အာ... ဟား...ဟား..."

Namjoonကလည်း ရယ်ရခက်ငိုရခက် အခြေအနေကြောင့် ခြောက်ကပ်ကပ်သာ ရယ်ပြမိလိုက်သည် ။

ချိန်းဆိုထားသည့် အချိန်သို့ရောက်သည့်အခါ Namjoonတစ်ယောက် သပ်ရပ်စွာ ဝတ်စားရင်း ဆောင်းဦးသာဝင်သေး၍ ရာသီဥတုက ပူစပ်ပူလောင်ဖြစ်နေသေးသော်လည်း Jin Hyungအမြင်မှာ သားနားခန့်ညားစေရန် long coatပင် ထပ်ဝတ်ထားလိုက်သေးသည် ။

♡ Romance in the School ♡ (Complete)Where stories live. Discover now