zawgyi
Jeon Jungkookဆီကနေ ချိန်းဆိုမှုရပြီးသည့်အခါ ကုတင်ထက်မှာပင် ငူငူငိုင်ငိုင်ကြီး ထိုင်နေမိသည့် Kim Taehyung ။
လက်ထဲကဖုန်းလေးကလည်း Game Overစာတန်းထင်းနေသလို Gameရှုံး၍ မာန်မဲရန်ဆက်လာသည့် ဘော်ဒါတွေ၏ ဖုန်းcallတွေကိုလည်း နားမဝင်..။
သူတစ်ယောက်တည်း Universeအပြင်ဘက် ရောက်နေသလို အသိစိတ်က တော်တော်ကြာသည့်တိုင် လွှတ်သွားခဲ့တာ ။Date?...
Jeon Jeon Jungkookက ငါ့ကို dateဖို့ပြောတယ်??
Taehyung ပါးပြင်လေးကို လက်ညှိုးလေးနှင့် ကုတ်မိလိုက်သည် ။
ထိုချိန်းဆိုမှုကို ကြားပြီးပြီးခြင်း Taehyung ဦးနှောက်ထဲက ဗလာဖြစ်သွားခဲ့တာဖြစ်သည် ။ညတာကိုပင် မည်သို့လွန်မြောက်သွားခဲ့သည်မသိ၊ မနက်လင်းသည်အထိ သေချာမအိပ်လိုက်ရဘဲ ကုတင်ထက် ပြန်ထထိုင်နေသည့်သူ့ကို အဝတ်လျှော်ရန်အတွက် အဝတ်ခြင်းလာယူသည့် Seokjin Hyungကပင် သရဲတစ်ဆေတွေ့လိုက်ရသလို လန့်ဖြတ်သွားသည် ။
" ရား!.. Kim Taehyung!.. ကျောင်းပိတ်ရက်ကြီးကို မင်းက ဘာလို့အစောကြီး ထနေတာလဲ!!??.."
" ဟုတ်ပါရဲ့... ကျွန်တော် ဘာလို့ အစောကြီး ထနေမိတာပါလိမ့်..."
အိပ်ရေးမဝသလို သူ့ညီငယ်ပုံစံက ငူငူငိုင်ငိုင်နှင့် အသိစိတ်ရော သေချာကပ်ရဲ့လားမသိ ။
" ထရင်လည်း.. မျက်နှာသစ်တော့... မနက်စာ အတူစားမယ်..."
" အော...."
Taehyungတို့ညီအကိုက မနက်စာ အတူတူစားဖြစ်သည်က ရှားသည် ။
Seokjin Hyungက ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်၍ မနက်ဆိုလျှင် Taehyungနှင့်ခြားနားစွာ အလုပ်ကိုစောသွားတတ်သည် ။
အလုပ်ပိတ်ရက်နှင့် ကျောင်းပိတ်ရက်က တိုက်သည့်အခါလည်း Taehyungက နေဖင်ထိုးသည်အထိ သိုးနေအောင်အိပ်တတ်တာ ။မနက်စာအတူတူစားပြီးလျှင် Taehyung အခန်းထဲပြန်ဝင်လာကာ အဝတ်ဗီဒိုကို ဖွင့်လိုက်သည် ။
Jeon Jungkookနှင့် သွားdateရမည်ဆိုပေမယ့် Taehyungက ယောက်ျားလေးတစ်ဦးဖြစ်သောကြောင့် အဝတ်အစားအတွက်က စဉ်းစားရကြပ်မနေဘဲ တွေ့ရာသာ ဆွဲဝတ်လိုက်သည် ။ဘယ်အဝတ်အစားကိုဝတ်ဝတ် ကြည့်ကောင်းနေသည်ကတော့ Taehyung၏အားနည်းချက်သာ ဖြစ်လိမ့်မည် ။
YOU ARE READING
♡ Romance in the School ♡ (Complete)
FanfictionKim Taehyung × Jeon Jungkook Sweet Romance, Comedy, Funny Taekook makes me happy.