Part ~ 30

11.6K 1.3K 190
                                    

zawgyi

" ရွှီ...."

Basketballပွဲစဉ်ပြီးဆုံးသည့် ခရာမှုတ်သံ..။
အမှတ်အနည်းငယ်အကွာနှင့် အထက်တန်းနောက်ဆုံးနှစ် စီနီယာများကို Jeon Jungkookတို့ အထက်တန်းဒုတိယနှစ်က အနိုင်ရရှိသွားခဲ့သည် ။

အော်ဟစ်အားပေးသံများ ဆူညံလျက်ရှိနေသည့် ခန်းမအတွင်းမှာ Taehyungလည်း Jeon Fighterတို့၏အနိုင်ပွဲအတွက် ဝမ်းသာစိတ်တစ်ဝက် စိုးရိမ်မှုတစ်ဝက်နှင့် အော်ဟစ်အားပေးမိကာ စိတ်ဖြောင့်လက်ဖြောင့်မပျော်နိုင်..။

သူ့တွင် ရှိရှိသမျှ အရှက်သိက္ခာတွေဘေးချိတ်ပြီး သူ့ရည်းစားကိုချော့ခဲ့တာဖြစ်ပေမယ့် Jeon Fighterက သူ့ကိုခွင့်လွှတ်ပါ့မလားမသိသေးပေ..။

အပေါင်းအသင်းများအလယ် အပြုံးပါးပါးလေးနှင့် အောင်ပွဲခံနေသည့် Jeon Jungkook၏အကြည့်က Taehyungဘက်ကိုရောက်လာသည့်အခါ Taehyung အောက်နှုတ်ခမ်းပါးလေးအား အသာယာဖိကိုက်ကာ တောင်းပန်တိုးလျှိုးသလိုကြည့်မိသည် ။

ပွဲပြီးသွား၍ လူများတဖြည်းဖြည်းရှင်းလင်းသွားသည့်အခါ Taehyung မဝံ့မရဲနှင့် Jungkookထံကို ချဉ်းကပ်လိုက်သည် ။

" Jeon Jeon Jungkook...."

" အဝတ်အရင်သွားလဲရမယ်..."

" အာ..."

Jungkookက ထိုစကားကိုဆိုရင်း အဝတ်လဲခန်းဘက် ဦးတည်လိုက်သည့်အခါ Taehyung၏ခြေလမ်းတို့ကတန့်လျက် နောက်မှာကျန်ခဲ့မိသည် ။
သို့သော်...

" လိုက်ခဲ့လေ..."

တစ်လှမ်းနှစ်လှမ်းသာ ရှိသေးသည့် Jungkookက သူ့နောက်မလိုက်လာသော Taehyungဘက်လှည့်ကြည့်ကာ ခေါ်လာခဲ့လျှင် Taehyung မျက်ဝန်းလေးက လက်ခနဲဖြစ်သွားလျက် ကပျာကယာ ဘေးချင်းယှဉ်လျှောက်လိုက်သည် ။

Jeon Fighterက ဘယ်တော့မဆို Taehyungကို နောက်မချန်ခဲ့ဘဲ အတူတူသာဘေးချင်ယှဉ်တွဲလျှောက်ပေးခဲ့သည်မှာ သူတို့နှစ်ယောက်သား စတွဲခဲ့စဉ်တည်းက..။

ချွေးစများနှင့် Jeon Jungkook၏ပုံရိပ်က အရမ်းဆွဲဆောင်မှုရှိနေသည် ။
Taehyungမှာ သူ့ရည်းစားဖြစ်သူကို အသေအချာလည်းမကြည့်ရဲသေးဘဲ ခိုးခိုးပြီးတော့သာကြည့်နေရသည် ။

♡ Romance in the School ♡ (Complete)Where stories live. Discover now