zawgyi
Hotel၏ ဝင်းအရှေ့၌ ဆိုက်ရပ်ထားသော ကျောင်းလေ့လာရေးခရီးကားများအနားသို့ အတန်းကိုယ်စီအလိုက် လက်ဂေ့ခ်ျလေးများ အထုပ်အပိုးလေးများဆွဲ၍ အလျှိုလျှိုထွက်လာနေကြသည့် ကျောင်းသူ၊ကျောင်းသားများ ။
မနေ့တုန်းက Hotel၏ အရေးပေါ်မီးAlarmကြောင့် အိပ်ရေးပျက်ခဲ့ကြသော သူတို့က သိပ်ပြီး မရွှင်လန်းသော မျက်နှာထားများနှင့် အချို့ဆိုသမ်းဝေနေကြသည်မှာ အာသီးများပင်မြင်ရသည်အထိ ။
" Minjae ah...."
" ဟွန်း...."
" တောင်းပန်ပါတယ်ဆို... Minjae..ah... "
အဖြစ်အပျက်အစအဆုံးကို သိသွားပါသော Minjaeက Taehyungကို စိတ်ကောက်သွားကာ မခေါ်မပြောနှင့်မို့ Taehyungမှာ Minjaeအနောက်ကို တကောက်ကောက်လိုက်ပြီး ချော့မော့နေရသည် ။
" မင်း... ငါ့ကို... တကယ် စကားမပြောတော့ဘူးလား.. ငါနဲ့ မခေါ်ဘဲ.. မင်း နေနိုင်လို့လား..."
" မင်းတောင် နေနိုင်သေးတာပဲ..."
" ရား.. ငါပြောတာက.. အဲ့လို မဟုတ်ဘူးလေ... တောင်းပန်ပါတယ်ဆို... ငါ မှားသွားတယ်..."
" မင်းအမှား မဟုတ်ပါဘူး... ရည်းစား မရှိတဲ့ ငါ့အမှားပဲပေါ့..."
Minjaeက Taehyungကို စိတ်မပြေသေးဘဲ ဘုတောတောပြီးမှ ကားပေါ်သို့အရင်တက်သွားလျှင် Taehyung အကျပ်ရိုက်သလို ဆံပင်လေးကို ထိုးဖွမိလိုက်သည် ။
" Minjaeက... စိတ်မကောင်းဖြစ်နေလို့ပါ... သူက စိတ်အကြာကြီးဆိုးတတ်သူမဟုတ်တာ မင်းလည်း သိတာပဲ.. "
" အေးလေ... မင်းချော့ရင် ပြန်ပြေမှာပါ..."
Songwooနှင့် Jaewonကလည်း Taehyungကို နှစ်သိမ့်သလိုပခုံးပုတ်ပြီး ကားပေါ်ကိုတက်သွားကြသည် ။
တစ်ဖက်ကားကိုတက်ရန်ပြင်နေကြသည့် Jungkookတို့အဖွဲ့ကလည်း Taehyungတို့အဖြစ်ကို လှမ်းမြင်ရသည်ဖြစ်၍ Jungkookက အသံတိတ်နှင့် မျက်ခုံးလေးပင့်ကာ အခြေအနေကို မေးဟန်ပြုလျှင် Taehyungက ခေါင်းလေးအသာယမ်းပြရင်း Jungkookကိုလက်ပြနှုတ်ဆက်ကာ သူလည်း ကားပေါ်သို့တက်သွားသည် ။
" မင်းတို့ကလည်း မင်းတို့ပဲ... ဘာလို့ Minjaeကို မေ့ခဲ့ကြတာလဲ.. သူက Taehyungနဲ့တစ်ခန်းတည်းအိပ်တာလေ..."
YOU ARE READING
♡ Romance in the School ♡ (Complete)
Fiksi PenggemarKim Taehyung × Jeon Jungkook Sweet Romance, Comedy, Funny Taekook makes me happy.