Part ~ 9

12.3K 1.5K 154
                                    

zawgyi

" Minjae... မင်းလက် ငါ့ကိုပေးကိုင်..."

" အမ်?...."

အတန်းထဲမှာ ထိုင်နေသည့် Kim Taehyung ။
သူ့လက်သူ ငုံ့ကြည့်ရင်း တတွေတွေဖြစ်နေရာမှ Minjae၏လက်ကိုဆွဲယူပြီး ဆုပ်ကိုင်ကြည့်လိုက်သည် ။

" ရား.. ဘာအရူးထနေတာလဲ...."

" ဒီလို ခံစားချက်တော့ မဟုတ်ဘူး..."

Minjaeလက်ကလည်း နူးညံ့တဲ့အထဲပါပေမယ့် Jeon Jungkookလက်ကို ကိုင်လိုက်ရတဲ့ခံစားချက်နှင့် ခြားနားသည် ။

" Songwoo... လက်ပေးကိုင်..."

" ဘာလဲဟ...."

ဘော်ဒါတွေလက်ကို Taehyung ကိုင်ကြည့်လိုက်ပေမယ့် မထူးမခြားနားသာ ခံစားရသည် ။

" မင်းလက်ကလည်း အေးစက်လိုက်တာ... အသေကောင်ကျနေတာပဲ..."

Taehyung၏ ပုတ်ခတ်မှုကြောင့် Songwooက မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့် Minjaeကို အမေးထုတ်သလိုလှမ်းကြည့်လျှင် Minjaeက သူလည်းမသိဟုဆိုသည့်သဘောနှင့် ပခုံးတွန့်ပြသည် ။

" Jiminie... ချင်းဂူးရား... ငါ့ကို လက်လေးပေးကိုင်... "

Jiminရဲ့လက်တွေက သေးသေးပုပုလေးတွေနှင့် ချစ်စရာကောင်းပြီး အိစက်နေသော်လည်း အဲ့ဒီလိုခံစားချက်လည်း မဟုတ်ပြန်ဘူး ။

" ဘာဖြစ်နေတာလဲ... Kim Taehyungက..."

" သူက ဂြိုလ်သားပဲလေ... ငါတို့ သူ့ကို ဘယ်တုန်းက နားလည်ဖူးလို့လဲ...."

Taehyung မိမိ၏လက်ကို ပြန်ငုံ့ကြည့်ရင်း Jeon Jungkook၏ လက်ဖမိုးအထိအတွေ့ကို ပြန်အမှတ်ရလာပြန်သည် ။

တကယ်ကို နူးနူးညံ့ညံ့လေးရယ်...။

နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပေမယ့် Jeon Jungkookလက်ကို ကိုင်ရတဲ့ခံစားချက်က ကောင်းသည်ဟု ခံစားရသည် ။

ကျောင်းအနောက်ဘက် အုတ်နံရံကို ကျော်တက်ခဲ့သည့်အချိန်တုန်းက Taehyungအရှေ့ထံ လက်ကမ်းလင့်ပေးလာသည့် Jeon Jungkookပုံရိပ်ကို ပြန်မြင်ယောင်လာသည့်အခါ အင်း.... ဘာလို့မှန်းမသိ Taehyung နှာဝထဲ ချယ်ရီနံ့လေး သင်းလာပြန်သလိုပဲ...။

နေ့လယ်စာစားချိန် ။
ကန်တင်းရောက်သည့်အခါ Jeon Jungkookတို့အုပ်စုက Taehyungဆီမှာ လာထိုင်ကြသည် ။

♡ Romance in the School ♡ (Complete)Where stories live. Discover now