Part ~ 19

11.6K 1.4K 182
                                    

zawgyi

Jeon Fighterနှင့် ချိန်းတွေ့ပြီးသွားသည့်နောက် အိမ်ကို မြှောက်ကြွမြှောက်ကြွ ခြေလမ်းများနှင့် ကဆုန်ပေါက်ပြန်လာခဲ့သော Kim Taehyung ။

မိမိ၏ လက်လေးကို ပြန်ငုံ့ကြည့်ရင်း ဒီနေ့အဖြစ်အပျက်များက ရုပ်ရှင်ပြကွက်တစ်ခုလို ပြန်ပေါ်လာခဲ့လျှင် သဘောတကျပြုံးရယ်မိသောကြောင့် လေးထောင့်ဆန်ဆန်အပြုံးလေးက ထင်းနေသည် ။

" အာ... ဟုတ်သားပဲ..."

ခြံရှေ့သို့ရောက်လာသည့်အခါ အိမ်ထဲမဝင်ခင် အပန်းရောင် ဂျင်းJacketလေးကို အလျှင်အမြန်ချွတ်ပြီး လုံးထွေးကာ ရင်ခွင်ထဲမှာပိုက်ရင်း အိမ်ထဲသို့ ခြေဖော့လျက် ခိုးကြောင်ခိုးဝှက် ဝင်လာရသည် ။

အသံတိတ်နေပုံရ Hyungက အိမ်မှာမရှိဘူးထင်၊ Taehyungတစ်ယောက် Hyung၏အခန်းရှေ့မှာ ကုန်းကုန်းကွကွနှင့် ချဉ်းကပ်ပြီး တံခါးအသာခေါက်ကြည့်လိုက်သည် ။

" Hyung... ရှိနေလား..."

တံခါးနားမှာ နားလေးကပ်ပြီး အသံကိုစွင့်ကြည့်လိုက်လျှင် တိတ်ဆိတ်နေသည်ဖြစ်၍ သူ စိတ်အေးသွားရသလို သက်မလေးချလိုက်မိသည် ။

" အထဲဝင်မယ်နော်.. Hyung.."

Hyungအခန်းတံခါးအားဖွင့်ပြီး ခြေဖော့ကာဝင်ခဲ့ပြီးနောက်မှာတော့ အပန်းရောင်ဂျင်းJacketလေးကို သူ့Hyung၏အဝတ်ပေထည့်သည့်ခြင်းတောင်းထဲသို့ ထိုးထည့်ပေးထားလိုက်ပြီးမှ အသာယာပင်ပြန်ထွက်လာခဲ့လိုက်သည် ။

Taehyung၏ ပြီးပြည့်စုံလှသည့် ရာဇဝတ်မှုကို မသိလိုက်သော Seokjinကတော့ အဝတ်လျှော်ရန်အတွက် အဝတ်ခြင်းယူလိုက်မှ အပန်းရောင်ဂျင်းJacketကို တွေ့လိုက်ကာ ဇဝေဇဝါ..။

" ဘာလဲ!?.. ငါ့ရဲ့ပင့်ခ်ခုလေးက ဒီထဲ ဘယ်လိုရောက်နေတာလဲ!.. ငါများ မှားပြီးထည့်လိုက်မိတာလား..."

သူ အပန်းရောင်ဂျင်းJacketကို ကောက်ယူကြည့်လိုက်မိရင်း မတွေးတတ်စွာ..။

သူ့ကို ထိုကဲ့သို့ပဟေဋိပေးသွားခဲ့သော ချစ်လှစွာသော ညီငယ်လေး Kim Taehyungကတော့ ကုတင်မှာ ဒူးလေးနန့်ပြီး Jeon Jungkookနှင့် စာအပြန်လှန်ပို့နေကာ နှုတ်ခမ်းပါးက တပြုံးပြုံး ။

♡ Romance in the School ♡ (Complete)Where stories live. Discover now