zawgyi
" Kim Taehyung!.. ထတော့... ထတော့ဆို..."
" အာ... Hyungကလည်း.. ၅မိနစ်ပဲ..."
" ရေခဲရေနဲ့ အလောင်းမခံချင်ရင် ထတော့.. ငါ နှစ်ခါမပြောဘူးနော်..."
Taehyungကို အိပ်ရာထဲကနေ မထမချင်း တင်လုံးလုံးကို တဖျတ်ဖျတ်ရိုက်ရင်း ဆော်သြနေပါသော Seokjin Hyungကြောင့် Taehyung ဂျစ်တိုက်သလို ညည်းညူရင်းနှင့်သာ ထထိုင်လိုက်ရသည် ။
" မျက်နှာသစ်...သွား... ကျောင်းဝတ်စုံ တစ်ခါတည်းလဲ.. ပြီးရင် မနက်စာစားရအောင် ထွက်ခဲ့... ပြင်ထားပေးမယ်..."
" ဝါး... Hyungက အလုပ်မသွားဘူးလား... ဒီနေ့..."
" အော... ပိတ်ရက်တုန်းက ဂျူတီအစားဝင်ထားပေးလို့ ဒီနေ့အနားရတာ.. မြန်မြန်ထွက်လာခဲ့နော်..."
" Nae...."
သန့်စင်ခန်းထဲမှာ သွားတိုက်နေသည့် Taehyung၏ မျက်ခွံတို့က လေးလံနေဆဲဖြစ်ကာ တဝါးဝါးသာ သမ်းဝေနေသည် ။
Seokjin Hyung၏ကောင်းမှုကြောင့် အရင်ရက်တွေလို ကျောင်းသွားရန်အလျှင်လိုစရာမလိုဘဲ ကျောင်းဝတ်စုံကို ကျကျနန ဝတ်ကာ ကျောပိုးအိတ်ကိုယူလျက် အခန်းထဲကနေ ထွက်လာခဲ့သည် ။
ဧည့်ခန်းထဲကို လှေကားကြီး မ'လျက် ဝင်ချလာသော ဘေးအိမ်က Namjoon Hyung ။
ထိုHyungက Taehyungကိုတွေ့လျှင် ပါးချိုင့်နက်နက်ကြီး ခွက်သည်အထိ ပြုံးပြလာသလို Taehyungလည်း ဦးညွှတ်နှုတ်ဆက်လိုက်ရင်း လှေကားယူလာသည်အား စူးစမ်းသလိုကြည့်မိလျှင် ထိုHyungက ဖြေရှင်းချက်ပေးလာသည် ။" Taehyungတို့ရဲ့ ဧည့်ခန်းထဲက မီးသီးကျွမ်းသွားတယ်ဆိုလို့လေ.. Hyungက အသစ်လဲပေးရအောင် လှေကားယူလာခဲ့တာ..."
" အာ... Nae..."
" ရောက်လာပြီလား... Namjoon.. လာ... အရင် မနက်စာအတူစားလိုက်... "
" အားနာစရာ... "
" ရား.. ဘာအားနာစရာလိုလို့လဲ... အချင်းချင်းတွေပဲကို... လာခဲ့..."
Namjoon Hyungက ရှက်ပြုံးကြီးနှင့် အမြဲလိုလို အားနာဟန်ပြသော်လည်း Taehyungတို့ညီအကို၏ထမင်းဝိုင်းထဲ ပါပါလာခဲ့သည်မှာ ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါရှိနေပြီမသိ ။
YOU ARE READING
♡ Romance in the School ♡ (Complete)
FanfictionKim Taehyung × Jeon Jungkook Sweet Romance, Comedy, Funny Taekook makes me happy.