zawgyi
စုငွေလေးပြည့်၍ Jeon Jungkookတစ်ယောက် သူသဘောကျရသည့် မော်တော်ဆိုင်ကယ်လေးကို ဝယ်နိုင်ခဲ့သည် ။
ဆိုင်ကယ်ရသည်နှင့် သူအရင်ဆုံးဖုန်းဆက်မိလိုက်သည်က သူ့ရည်းစားဆီကို..။
" ဟယ်လို... Jeon Jeon..."
တလောကလုံးမှာ နားဆင်လို့အကောင်းဆုံးသော သြရှရှအသံလေး..။
ထိုအသံလေးက နားထဲသို့စီးဝင်လာသည်နှင့် Jungkookဟာ စိတ်လိုလက်ရပင် အပြုံးဖြစ်တည်သွားရသည်မှာ သူ့အလိုလို...။" ဘယ်မှာလဲ... Tae Baby...."
" ငါက စာကြည့်တိုက် ရောက်နေတာ... အခုမှ ကျူရှင်ဝိုင်းက ပြီးတာလေ... အဲ့ဒါ အိမ်စာအတွက် စာအုပ်ရှာစရာရှိလို့..."
" ငါ လာခေါ်မယ်... စောင့်နေ...."
" အင်း..."
ရည်းစားဖြစ်သူနှင့် ဖုန်းပြောပြီးသွားသည့်အခါ Taehyungမှာ စာအုပ်ကိုပြန်ရှာရသည် ။
သူတို့၏ အထက်တန်းဒုတိယနှစ် အောင်စာရင်းထွက်သည်နှင့် Hyungက Taehyungကို အထက်တန်းနောက်ဆုံးနှစ်အတွက် ကျူရှင်ဝိုင်းနှင့်စာကျက်ဝိုင်းကို တက်စေခဲ့တာဖြစ်ပြီး Taehyung၏ငရဲခန်းလေးတွေ ပြန်အစပျိုးနေချိန်ဖြစ်သည် ။ကျောင်းကတော့ပြန်ဖွင့်ရန် တစ်ပတ်လောက်လိုသေးသည် ။
စပို့ရှပ်အဖြူပေါ်မှာ ရှပ်အနီစင်းကြောင်းဖားဖားလေးကို ထပ်၍ဝတ်ဆင်ထားသောTaehyungက မိုးပြာရောင်ဂျင်းဘောင်းဘီနှင့် ကျောပိုးအိတ်လေးကို လွယ်ထားကာ စင်တန်းများကြားမှာ စာအုပ်လေးကိုရှာဖွေနေသည် ။
စာအုပ်လေးတွေကို လက်ထိပ်ဖျားလေးတွေနှင့်ထိတို့ရင်း စာအုပ်ရှာနေသည့် Taehyung အနောက်မှာ ရပ်လာပါသော အရိပ်တစ်ခုက Taehyung၏လက်ချောင်းထိပ်လေးတွေကို အုပ်မိုးဆုပ်ကိုင်လာသည့်အခါ Taehyungမှာ ပြုံးတုံ့တုံ့ဖြစ်သွားရရင်း အောက်နှုတ်ခမ်းပါးလေးကို အသာဖိကိုက်လိုက်ရသည် ။
" Jeon Jeon...."
" အင်း... Tae Baby...."
Taehyung၏လည်ပင်းကို သိုင်းဖက်လာခဲ့သည့် Jeon Fighterကို Taehyungစောင်းငဲ့ကြည့်လိုက်လျှင် အရပ်ချင်းကမတိမ်းမယိမ်းဖြစ်သောကြောင့် နှာထိပ်ဖျားလေးတွေက ထိလုမတတ် ။
YOU ARE READING
♡ Romance in the School ♡ (Complete)
FanfictionKim Taehyung × Jeon Jungkook Sweet Romance, Comedy, Funny Taekook makes me happy.