Part ~ 33

10K 1.2K 175
                                    

zawgyi

" နေ့လယ် ၂နာရီကျရင် ကျောင်းသားတွေအကုန်.. ဒီမှာ ပြန်စုမယ်နော်.. ဝေးဝေးလံလံ လိုက်လျှောက်မသွားကြနဲ့..."

" Nae... Sam..."

ပြတိုက်အတွင်းမှာ မိမိကြည့်ချင်သည့်အရာများကို လွတ်လပ်စွာ လိုက်လျှောက်ကြည့်ခွင့်ရထားသည့်အခါ ကျောင်းသူ၊ကျောင်းသားများက ကိုယ်စီကိုယ်စီ သူငယ်ချင်းအုပ်စုအဖွဲ့လေးတွေနှင့် လျှောက်ပတ်ကြည့်နေကြသည် ။

Taehyungနှင့် Jungkookတို့အဖွဲ့ကလည်း အစကတော့အတူတူ လိုက်လျှောက်ကြည့်နေကြသည်ဆိုပေမယ့် အတွဲတွေကတော့ ထုံးစံအတိုင်း ဘော်ဒါတွေကို နောက်ချန်ခဲ့ကာ နှစ်ယောက်သားက လက်လေးတွဲရင်း တူနှစ်ကိုယ်တစ်ကမ္ဘာဖြစ်သွားကြသည် ။

" ငါတို့.. အေးဆေး မdateရတာတောင် ကြာနေပြီ... ကျောင်းနောက်ဆုံးစာမေးပွဲပြီးမှပဲ... သေချာတွေ့နိုင်မယ်ထင်တယ်..."

" အင်း.. စာမေးပွဲကလည်း သိပ်မလိုတော့ပါဘူး... ဒါနဲ့.. မင်း နောက်ဆုံးစာမေးပွဲပြီးရင်... အချိန်ပိုင်းအလုပ် လုပ်ချင်သေးလား..."

Jungkook၏အမေးကို Taehyungက ခေါင်းလေးစောင်းငဲ့ကာ စဉ်းစားဟန်ပြုသည် ။

" မပြောတတ်သေးဘူး... Hyungက ခွင့်ပြုပါ့မလားဘဲ... မင်းကတော့ လုပ်မှာမလား..."

" အင်း... အထက်တန်းနောက်ဆုံးနှစ်ကျရင်... ငါက စုထားတဲ့လုပ်အားခတွေနဲ့ ကိုယ်ပိုင်ဆိုင်ကယ်ဝယ်မှာ... ပြီးရင်... မင်းကို အိမ်အထိလာကြိုပြီးတော့... ကျောင်းအတူတူသွားမယ်..."

" အား... တကယ် ပျော်ဖို့ကောင်းမှာပဲ... ငါက မင်းရဲ့ဆိုင်ကယ်နောက်ကို ပထမဆုံးလိုက်စီးမှာနော်.. Jeon Jeon..."

" ငါကလည်း မင်းကိုပဲ ဦးဦးဖျားဖျား တင်မှာ..."

" ဟီး... ငါ့ရည်းစားက အရမ်းချစ်ဖို့ကောင်းတာပဲ... Love you Jeon Jeon...."

" ပိုချစ်တယ်...ငါက..."

" အာ.. ဘာလဲကွာ... ဟီး...."

Taehyung ရှက်ရယ်လေးရယ်ကာ Jungkook၏ရင်ဘတ်လေးကို လက်သီးဆုပ်လေးနှင့် ခပ်ဖွဖွထုရိုက်ပြီးမှ အမှတ်တရဓာတ်ပုံရိုက်နေကြသည့် အတန်းသားများကိုတွေ့လျှင် မျက်လုံးလေးအရောင်တောက်သွားလျက် Jungkookဘက် လှည့်ကြည့်လိုက်သည် ။

♡ Romance in the School ♡ (Complete)Where stories live. Discover now