Part ~ 32

10.2K 1.3K 176
                                    

zawgyi

ကားလမ်းဘေးက ကားများရပ်နားစခန်း၌တည်ရှိသော စားသောက်ဆိုင်ရှေ့မှာ အလျှိုလျှိုထိုးဆိုက်လာကြသည့် လေ့လာရေးခရီးကားလေးစီး ။

ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားကြသည့် ချစ်စဖွယ်ဆယ်ကျော်သက်လေးများဟာ အိတ်လေးတွေကိုယ်စီလွယ်ရင်း ရယ်ရယ်မောမော စကားဖောင်ဖွဲ့ရင်းဆင်းလာကြသည် ။

" ကလေးတွေ.. လိုက်လျှောက်မသွားကြနဲ့နော်... ထမင်းစားချိန်ကို တစ်နာရီပေးထားတာမို့... နောက်တစ်နာရီမှာ ဒီကားပေါ်ကိုအကုန်ပြန်လာခဲ့ကြ...."

" Nae Sam!!!....."

ထမင်းစားချိန်မှာ အတန်းတွေခွဲမနေဘဲ လွတ်လပ်စွာသွားခွင့်ပေးထားသည်ဖြစ်၍ Jungkookတို့အုပ်စုက Taehyungတို့အဖွဲ့နားကို ရောက်လာကြသည် ။

" ငါတို့တွေ.. ဒီလို လူစုံတက်စုံ မဆုံဖြစ်ကြတာ ကြာပြီပဲ..."

Yeo Jingoo၏ စကားကို သူတို့အကုန်လုံးထောက်ခံလိုက်ကြကာ စားသောက်ဆိုင်အတွင်းသို့ဝင်လာခဲ့ကြသည် ။
သူတို့တွေက ဒီအတောအတွင်း ကျောင်းချိန်၊ကျူရှင်ချိန်တွေနှင့် ပတ်ချာလည်ရိုက်နေ၍ ဟိုကဲကဲသဲသဲအတွဲကလွဲရင် သူတို့တွေကသိပ်မတွေ့ဖြစ်..။
စားသောက်ဆိုင်က ကိုယ်တိုင်မှာယူစားရသည့်စနစ်ဖြစ်၍ လူအရှည်ကြီး တန်းစီစောင့်ရသည် ။

Jungkookက ရှည်လျားသည့်လူတန်းကိုတစ်ချက်ကြည့်ပြီး Taehyungဘက်ကိုလှည့်လာသည် ။

" စားပွဲဝိုင်းတစ်ခုမှာ နေရာဦးပြီးထိုင်စောင့်နေ.... ငါ မင်းအတွက် ယူလာပေးမယ်... ဘာစားမှာလဲ..."

" ငါလည်း လိုက်ယူလို့ရတာကို..."

" လူများတယ်... မင်း ခြေထောက်ညောင်းလိမ့်မယ်..."

Jungkookက ပြောပြောဆိုဆိုနှင့် လူလစ်လပ်သည့်စားပွဲတစ်ခုမှာ Taehyungကိုထိုင်စောင့်စေပြီး သူ့၏ကျောပိုးအိတ်ကိုလည်း Taehyung၏ရင်ခွင်ထဲကို ထည့်ပေးလိုက်သည် ။

" ငါ အစားအသောက် ယူပြီး ပြန်လာခဲ့မယ်...."

" အော..."

Jeon Fighterက Taehyung၏ဆံပင်အုပ်အုပ်လေးကို လက်လေးနှင့်ထိုးဖွရင်း ဆိုလာသည့်အခါ Taehyung ပြုံးရိပ်ယောင်သန်းသွားသည့်အောက်နှုတ်ခမ်းပါးလေးကို အသာဖိကိုက်လိုက်ရသည် ။

♡ Romance in the School ♡ (Complete)Where stories live. Discover now