zawgyi
" နောက်နေ့မှ တွေ့မယ်... သွားပြီနော်... Jeon Jungkookရဲ့ရည်းစားလေး..."
" ဟီး.. ကောင်းကောင်းသွားပါ...."
Basketball လေ့ကျင့်ရေးပြီးသည်နှင့် Basketball Teamက အချင်းချင်း နှုတ်ဆက်သည့်အပြင် Taehyungကိုပါ မမေ့မလျော့နှုတ်ဆက်ပြီးမှ ထွက်ခွာသွားကြသည် ။
Taehyungလည်း သွားလေးဖြီးကာ လူယောက်စေ့ကို ပြန်လည်နှုတ်ဆက်လိုက်သည် ။ပုံမှန်ဆို မည်သူ့ကိုမျှ မျက်လုံးတစ်ချက်တောင် မဝေ့ကြည့်တတ်သည့် အချေဟုနာမည်ကြီးသော Min Yoongi Sunbaeကပင် Taehyungကို အသိအမှတ်ပြုသလို နှုတ်ဆက်သွားလျှင် Taehyung စိတ်ထဲကနေ တဝိုးဝိုးအသံပြုရင်း ပခုံးလေး မြင့်သွားရသည် ။
" သွားမယ်..."
Jeon Jungkookက Taehyung ရင်ခွင်ထဲမှာ ပိုက်ပေးထားခဲ့သည့် သူ့ကျောပိုးအိတ်ကို ပြန်ယူရင်း မေးဆတ်ပြသည် ။
" တစ်ခုခု စားမလား...."
" အော?... အာ.. တော်ပြီ... ဗိုက်မဆာဘူး..."
Jeon Jungkookနှင့် Taehyungလည်း အတူတူယှဉ်တွဲ လျှောက်လှမ်းကာ အားကစားခန်းမထဲကနေ ထွက်လာခဲ့ကြသည် ။
ကျောင်းနားက စတိုးဆိုင်သို့ရောက်လျှင် Jeon Jungkookက ဖျော်ရည်စက်ရှေ့မှာ ရပ်လိုက်သည် ။
" ဘာသောက်မလဲ...."
" ကိုလာ.... "
" ရော့..... "
" ကျေးဇူး.... "
ဖျော်ရည်စက်ထဲကနေ ကိုလာဘူး ထုတ်ပေးလာသော Jeon Jungkookကြောင့် Taehyung ပျာပျာယာယာ ကမ်းယူလိုက်ရသည် ။
Jeon Jungkookက သူကိုယ်တိုင်လည်း ကိုလာတစ်ဘူးယူလိုက်ကာ အဖုံးဖွင့်ပြီး တစ်ကြိုက်တည်း မော့သောက်သည် ။
ချွေးစအနည်းငယ် စို့နေသည့် နီစပ်စပ်လည်တိုင်က လည်ဇလုတ်လေးက အပေါ်အောက် လှုပ်ရှားနေသည်ကို Taehyung မသိမသာ အကြည့်ရောက်သွားရင်း မိမိ၏ လည်ဇလုတ်လေးကိုလည်း ကိုင်ကြည့်မိသည် ။သူလည်း Jeon Jungkookလိုမျိုး မော့သောက်သည့်အခါ လည်ဇလုတ်က ကြည့်ကောင်းလောက်လား??...
ပြောစရာစကား မရှိသည့် လူတွေလိုမျိုး Bus carမှတ်တိုင် ရောက်သည့်အထိ စကားသံတို့က ဆိတ်ငြိမ်နေကာ ပုံမှန်လိုဆို စကားပေါက်ပေါက်ဖောက်တတ်သည့် Taehyungကလည်း အာစေးမိနေသလိုပင် မည်သည့်စကားမျှ ပြောမထွက် ။
YOU ARE READING
♡ Romance in the School ♡ (Complete)
FanfictionKim Taehyung × Jeon Jungkook Sweet Romance, Comedy, Funny Taekook makes me happy.