Part ~ 14

11.7K 1.5K 101
                                    

zawgyi

Jeon Jungkookတို့ Basketball Teamက အခြားကျောင်းကပြိုင်ဘက်အသင်းကို အမှတ်အပြတ်အသတ်နှင့် အနိုင်ရရှိသွားခဲ့၍ ခန်းမလေးအတွင်း လက်ခုပ်တီးသံများ၊ အော်ဟစ်အားပေးသံများနှင့် ညံလျက်ရှိနေသည် ။

" နိုင်တဲ့အထိန်းအမှတ်အနေနဲ့... Sunbaeတွေက ဒကာခံမယ်တဲ့.. ဘယ်ဆိုင်သွားချင်ကြလဲ..."

" Cheerleader အဖွဲ့တွေပါ ပါသင့်တာမလား... Sunbae nim.."

" Aigoo.. ကောင်စုတ်လေးတွေ.. သူတို့ကိုတော့ ထိပ်ဆုံးကနေ ဖိတ်သင့်တာပေါ့..."

အနိုင်ပွဲဖြစ်၍ တက်ကြွနေသည့် Basketball အဖွဲ့သားများ ။

Jeon Jungkookကတော့ မည်သည့်စကားမျှ ဝင်မပြောဘဲ အဖြူရောင်တဘက်ပိုင်းနှင့် လည်ဂုတ်ကို သုတ်နေသည် ။

" အရင်ဆုံး.. ရေပြန်ချိုးမှ ရမယ်ထင်တယ်..."

" အဲ့လိုလုပ်မလား.. နောက်မှ စားသောက်ဆိုင်ကို ဆုံးဖြတ်ပြီး gp chartမှာ ပို့လိုက်မယ်..."

" Cheerleader အဖွဲ့ကိုရောနော်.."

" ဟား..ဟား.. တကယ့်ကောင်တွေ..."

Basketball အဖွဲ့သားများ၏စကားများကြောင့် Minjaeတို့ကလည်း စိတ်ပါဝင်စားနေကြသည် ။

" ငါလည်း Cheerleader အဖွဲ့က တစ်ယောက်လောက်နဲ့.. ရင်းနှီးခွင့်ရချင်လိုက်တာ.. ပြီးရင် တစ်ဆင့်တက်ပြီး dateနိုင်လောက်မလား..."

" မင်းမှာ အဲ့လိုဇရှိရင်.. မင်း အခုထိ တစ်ကောင်တည်း ဖြစ်နေမှာမဟုတ်ဘူး.. Kim Minjae..."

Jaewonနှင့် Songwooက Minjaeကို စနောက်နေကြကာ Minjaeကလည်း မေတ္တာရှိလှစွာနှင့် လိုက်လံကန်ကျောက်နေသည် ။

Taehyungကတော့ သူ့ဘော်ဒါတွေ ဖြစ်ပျက်နေသမျှ အာရုံစိုးစိမျှမရှိဘဲ Jeon Jungkookအနားကိုသာ ယောင်လည်လည် ရောက်လာခဲ့သည် ။

" မင်း ကစားသွားတာက.. တကယ် အရမ်းမိုက်တယ်..."

" တကယ်လား..."

" အင်း..အင်း... လုံးဝ အမိုက်စားပဲ..."

လက်မလေးနှစ်ဖက်ထောင်ရင်း Taehyung အားကြိုးမာန်တက် ချီးကျူးလိုက်သည့်အခါ Jeon Jungkookက ပါးချိုင့်ရေးရေးလေးထင်းသည့်အထိ ရယ်သည် ။

♡ Romance in the School ♡ (Complete)Where stories live. Discover now