Part ~ 22

10.6K 1.3K 116
                                    

zawgyi

အထက်တန်းကျောင်း ပထမနှစ် ။

ကော်ရစ်ဒါထက်မှာ လျှောက်လှမ်းနေသည့် Jeon Jungkookက ဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက်ထည့်ကာ ကျောပိုးအိတ်ကိုတော့ တစ်ဖက်သာလွယ်ထားသည် ။

" အဲ့ဒီလို လိမ္မာမှပေါ့.. ဂျူနီယာလေးရဲ့.. အကိုကြီးတွေကို ဒီလိုသိတတ်ရမယ်လေ... ပိုက်ဆံရော ရှိတယ်မလား.."

လှေကားထစ်ထောင့်ချိုးနား၌ အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားများ၏ ဝိုင်းရံထားမှုကို ခံနေရသည့် ကောင်လေးတစ်ယောက် ။
ငိုမဲ့မဲ့မျက်နှာလေးက သူ ဒီအခြေအနေကို မည်မျှထိ သောကရောက်နေမှန်းပေါ်လွှင်နေသည် ။

" Aigoo.. လိမ္မာလိုက်တာ... "

" ဟက်..."

အတုန်တုန်အယင်ယင်နှင့် ထုတ်ပေးလာခဲ့သည့် ငွေစက္ကူရွက်လေးတွေကြောင့် နောက်ဆုံးနှစ်ကျောင်းသားတွေက ခပ်ဟဟရယ်မောရင်း ထိုကောင်လေး၏ပါးပြင်ကို ခပ်ဆတ်ဆတ်ပင်ပုတ်သွားသေးသည် ။

" ဖာခ့်... ဖာ့ခ်...."

နောက်ဆုံးနှစ်တွေ အနားကထွက်သွားပြီဆိုမှ ခပ်တိုးတိုးထွက်ပေါ်လာသည့် ဆဲရေးသံကသြရှရှလေး ။

မျက်ဝန်းထောင့်စွန်းကနေ ကျချင်နေသည့် မျက်ရည်စတွေကို လက်ဖမိုးနှင့်ဖိသုတ်ရင်း လှေကားထစ်နားကနေ ထွက်လာသည့်ထိုကောင်လေးက Jungkook၏ဘေးမှ ဖြတ်လျှောက်သွားခဲ့လျှင် သူ နှစ်သိမ့်မှုတစုံတရာ ပေးချင်သော်လည်း ပါးစပ်က အာစေးမိနေသလိုပင် ဘာမှမပြောထွက် ။

ထိုကောင်လေးကတော့ မကျေနပ်မှုကို ဟိုကန်ဒီကျောက်ရင်း သူနှင့် ဆန့်ကျင်ရာဘက်ကို တရွေ့ရွေ့ထွက်ခွာသွားခဲ့ပြီ ။

နေ့လယ်စာစားချိန် ။
ကျောင်းကန်တင်းမှာ Jungkook ထမင်းဗန်းကိုင်ဆောင်လျက် လစ်လှပ်သည့်ထိုင်ခုံတွင် နေရာမယူခင် မျက်နှာချင်းဆိုင်မှ စကားတပြောပြောနှင့် လျှောက်လာနေကြသည့် နောက်ဆုံးနှစ်ကျောင်းသားတွေကို တွေ့လိုက်သည် ။
ထို့ကြောင့် ခုံအလွတ်မှာ နေရာမယူသေးဘဲ ခပ်တည်တည်ပင် သူတို့ထံပါးလျှောက်လှမ်းလိုက်ကာ တမင်သက်သက် သူတို့ထဲကတစ်ယောက်၏ပခုံးထောင့်စွန်းကို ဝင်တိုက်လိုက်သည် ။

♡ Romance in the School ♡ (Complete)Where stories live. Discover now