Part ~ 4

13.6K 1.7K 231
                                    

zawgyi

ကျောင်းဆောင်တစ်ခုအရှေ့က ခုံတန်းပေါ်မှာ Taehyungတစ်ယောက် တဆတ်ဆတ် တုန်ယင်နေဆဲ ဒူးအစုံဖြင့်ပင် Jeon Jungkookနှင့် ယှဉ်တွဲထိုင်နေရသည် ။

မျက်ရည်၊နှာရည်များနှင့် ပေပွနေသည့် သူဟာ လက်ရှိအဖြစ်အပျက်ကို လက်ခံရန် ကြိုးစားနေရဆဲဖြစ်သည် ။

Jeon Jungkookက သူ တွဲပေးဖို့ပြောတာကို လက်ခံတယ်!!??
ဘာလို့လဲ!!??.. ဘာလို့လဲ!!??
အားရှ်.. အဲ့ဒီ့အစား ချောင်ပိတ်ပြီး အရိုက်ခံရရင်တောင် အခုအခြေအနေထက် ပိုသာလိမ့်မည်ထင်သည် ။

" ဘယ်တုန်းကလဲ..."

" N..Nae?..."

နေရခက်လှသည့် တိတ်ဆိတ်မှုက သူတို့နှစ်ဦးသားကြား ကြီးစိုးနေစဉ် Jeon Jungkookဘက်က အရင်စကားစလာသည် ။

" ငါ့ကို မင်းကြိုက်သွားတဲ့အချိန်ကို မေးတာ..."

Taehyungဘက်ကို စောင်းငဲ့ကြည့်လာသည့် Jeon Jungkook၏ အေးတိအေးစက် အကြည့်နှင့်ဆုံလျှင် Taehyung အေးခဲသွားရသည် ။

ဘုရားစူး.. သူ Jeon Jungkookကို အဲ့ဒီလိုစိတ် စိုးစိမျှပင်မရှိ ။
ဒါက မထင်မှတ်ဘဲ ဖြစ်သွားခဲ့တာလေ!!
Jeon Jungkookကလည်း သူဖွင့်ပြောတာကို လက်ခံလိမ့်မယ်လို့ သူ မပြောနဲ့.. ဘယ်သူမှလည်း ထင်ထားမှာမဟုတ်ဘူး!!

Taehyung ခြောက်ကပ်နေသည့် အာခံတွင်းကြောင့် တံတွေးကိုပင် ခဲရာခဲဆစ် မြိုချလိုက်ရသည် ။

ဒီလိုကွာ ချင်းဂူးရာ.. ငါက မင်းကို ကြိုက်တာမျိုးမဟုတ်ဘဲ အလောင်းအစားကြောင့် ဖွင့်ပြောမိတာ.. ငါ့ကို စိတ်ကျေနပ်လောက်တဲ့အထိ ရိုက်ပုတ်ပြီး ဒီကိစ္စကို ကျော်သွားပေး...ဆိုပြီး မေတ္တာရပ်ခံလိုက်ရင်ရော??...

အားရှ်... အဲ့ဒါဆိုလည်း ငါ ပိုးစိုးပက်စက် သေမှာပဲ...။

" ရား... နားမပါဘူးလား..."

" စ...စ...စတွေ့တည်းက..."

Jeon Jungkookကို ကြောက်သည့်ဇောနှင့် လိမ်ဆင်စကားက နှုတ်ခမ်းဖျားထက်မှ အထစ်ထစ်အအ ထွက်ကျလာသည် ။

သူ့အဖြေကြောင့် Jeon Jungkookက မျက်မှောင်ကြုတ်သွားသည် ။

" ငါတို့က ဘယ်တုန်းက စတွေ့တာလဲ..."

♡ Romance in the School ♡ (Complete)Where stories live. Discover now