Part ~ 35

9.7K 1.1K 125
                                    

zawgyi

အထက်တန်း ဒုတိယနှစ်တန်းခွဲ (B)အတွင်း ။

" အထက်တန်းကျောင်းဘွဲ့ရပြီးရင်.. ဖြစ်ချင်တဲ့ရည်မှန်းချက်ပန်းတိုင်တွေကို ချရေးပြီး.. ဆရာ့ကို လာပေးကြ... ရည်မှန်းချက်ပန်းတိုင်တွေက တစ်ခုထက် ပိုလည်းရတယ်နော်.. စဉ်းစားမိသမျှ အကုန်ချရေး.. မနက်ဖြန်ကျရင် အဲ့ဒီ့စာရွက်လေးတွေကို... အတန်းခေါင်ဆောင်က ယူထားပြီး ဆရာ့ကိုပေး... ဟုတ်ပြီလား...."

" Nae.. Sam..."

ရည်မှန်းချက်ပန်းတိုင်ကို ချရေးရန်အတွက် ကတ်လေးတွေကို ဆရာကပေးလာခဲ့ကာ ရှေ့ဆုံးတန်းကနေတဆင့် နောက်ဆုံးအတန်းထိ ကတ်လေးတွေတစ်ခုဆီကို လက်ဆင့်ကမ်းလိုက်ကြသည့် အတန်းသားများ ။

Taehyungလည်း မိမိအတွက် ကတ်တစ်ခုကိုယူပြီး ကျန်သည့်ကတ်လေးတွေကို အနောက်ကအတန်းဆီကမ်းပေးလိုက်ကာ မိမိလက်ထဲကကတ်လေးတွင် ရည်မှန်းချက်ပန်းတိုင်အား ရေးခိုင်းထားသည်ကို အကြည့်ရောက်ရင်း ခေါင်းလေးကုတ်မိလိုက်သည် ။

တကယ်ဆိုလျှင် Taehyung၏ခေါင်းထဲမှာ ဘာအတွေးမှမရှိဘဲ ဗလာကျင်းလျက်ရှိနေသည် ။
သူ ခဲဆံဘောပင်လေးကို ကောက်ကိုင်လိုက်ပေမယ့် တွေးထားသည်မျိုးမရှိသည်ကြောင့် ဘာချရေးရမှန်းမသိဘဲ ချိတုံချတုံ ။

ဘေးခုံကMinjaeကိုကြည့်လိုက်တော့လည်း သူလည်း Taehyungလိုပင် ဘာရေးရမှန်းမသိဖြစ်နေဟန်ပေါက်သည် ။
အရှေ့ခုံက Songwooနှင့် Jaewonကတော့ တကုပ်ကုပ်နှင့် ဘာတွေချရေးနေသည်မသိ ။

Taehyung အတန်းတွင်းကို ဝေ့ဝဲကြည့်မိလိုက်သည့်အခါ အချို့က ကတ်လေးကိုကြည့်ရင်း စဉ်းစားတွေဝေနေကြသလို အချို့ကတော့ ချက်ချင်းပင်ချရေးလျက်ရှိကာ အချို့ကတော့ စကားဖောင်ဖွဲ့ရင်း တစ်ယောက်ကိုတစ်ယောက် မေးမြန်းနေကြသည် ။

အရှေ့ဆုံးအတန်းက Park Jiminဟာလည်း သူ့လက်ထဲက ရည်မှန်းချက်ပန်းတိုင် ချရေးခိုင်းထားသည့်ကတ်လေးကို စိုက်ကြည့်နေမိသည် ။

" ငါ့သားလေးက... ဆရာဝန် ဖြစ်ကိုဖြစ်လာရမယ်နော်... နင့်အကိုကလည်း ဆရာဝန်... နင့်အစ်မကလည်း ဆရာဝန်ပဲ.. အမေကလည်း သားကို ဆရာဝန်ပဲဖြစ်စေချင်တယ်..."

♡ Romance in the School ♡ (Complete)Where stories live. Discover now