Part ~ 3

13K 1.5K 111
                                    

zawgyi

" ရား... ဘယ်လိုပဲတွေးတွေး.. Suzyက ငါ့ကိုကြိုက်နေတာထင်တယ်... "

ကျောင်းကန်တင်းမှာ Taehyungတို့ ဘော်ဒါတစ်သိုက် စီတန်းရင်း ထမင်းယူနေရင်းမှ Taehyung မိမိခံစားနေရသည့် ရင်တွင်းခံစားချက်ကို နိုင်းနိုင်းဆဆ ဖွင့်ဟမိလိုက်လျှင် ဘော်ဒါတွေက မဖြစ်နိုင်သလို ခွက်ထိုးခွက်လန်ရယ်လာသည် ။

" ဘာရယ်တာလဲ.. ငါ တကယ် ခံစားရတာကို ပြောနေတာ.. Suzyက ငါ့ကိုတွေ့တိုင်း လှလှလေးပြုံးပြီး နှုတ်ဆက်တာပါဆို..."

" ငါတို့ကိုလည်း နှုတ်ဆက်ပါတယ်နော်..."

" မင်းတို့ကို နှုတ်ဆက်တာနဲ့.. ငါ့ကို နှုတ်ဆက်တာက မတူပါဘူးနော်.."

သူတို့အုပ်စုထဲမှာ Jiminတစ်ယောက်သာ စံပြကျောင်းသား ဖြစ်သည်နှင့်အညီ အနေငြိမ်ပြီး သူတို့စကားဝိုင်းအပြင်ဘက် ရောက်နေသည် ။

" အတူတူပါပဲ... Taehyungရာ..."

Minjaeတို့၏ အပြောကို Taehyung မတူကြောင်း အတွန့်တက်နေစဉ် Suzyက သူမ သူငယ်ချင်းများနှင့် ရယ်ရယ်မောမော စကားဖောင်ဖွဲ့ရင်း ကန်တင်းထဲဝင်လာသည် ။

" အာညော်... အတန်းခေါင်းဆောင်... အာညော်.. Taehyung..."

Suzyက သူမ သိသမျှသူတွေကို အပြုံးလှလှနှင့်နှုတ်ဆက်သည်မှာ Minjaeတို့ပင် အဆစ်ပါနေသေးလျှင် Minjaeတို့က ရယ်ကျဲကျဲအခွက်များနှင့် Taehyungကို လှောင်သလိုကြည့်လာသည် ။

" တွေ့လား... အတူတူပါပဲဆို..."

" မတူဘူး... ငါ့ကို နှုတ်ဆက်တော့ Suzyရဲ့မျက်လုံးလေးက ပိုပြီး ပြုံးရိပ်သန်းသွားတာ.. မတွေ့လိုက်ဘူးလား... "

သူတို့အုပ်စု စားပွဲတစ်ခုမှာ နေရာယူလိုက်သည်အထိ Taehyungက ယုံကြည်မှုလွန်ကဲနေဆဲဖြစ်လျှင် Minjaeတို့ အချင်းချင်းကြည့်ရင်း မျက်စပစ်လိုက်ကြသည် ။

" ဒါဆို... လောင်းမလား.. Taehyung..."

" ဘာကိုလဲ.... "

" တကယ်လို့ကွာ... Suzyက မင်းကိုကြိုက်နေတာဆိုရင် မင်း သူ့ကို အပြင်မှာ တွေ့ဖို့ပြောတဲ့အခါ လက်ခံမှာပဲမလား... Suzyသာ မင်းချိန်းတာကို လက်ခံရင် ဂိမ်းဆိုင်ထိုင်ရင်ရော... စားသောက်ဆိုင်ထိုင်ရင်ရော.. မင်းအတွက် တစ်လလုံးလုံး ငါတို့က ဒကာခံပေးမယ်..."

♡ Romance in the School ♡ (Complete)Where stories live. Discover now