zawgyi
ဆောင်းရာသီကာလ အကူးအပြောင်းကိုရောက်လာပြီဖြစ်၍ လုပ်ငန်းခွင်ကို သွားကြသည့်သူများ၊ ကျောင်းသူ၊ကျောင်းသားများ၊ အခြားအမျိုးမျိုးသော အကြောင်းအရပ်ကိစ္စများနှင့် အပြင်မှာ သွားလာလှုပ်ရှားနေကြသောသူများသည် ထူထဲလှသည့်အနွေးထည်၊မာဖလာ၊လက်အိတ်၊အနွေးဦးထုပ်များနှင့် အချင်းချင်း စကားပြောလိုက်တိုင်းလည်း အာငွေ့တလူလူတို့ကထွက်လျက်ရှိနေသည် ။
" ကျွန်တော် သွားပြီနော်... Hyung..."
" အေး.. လမ်းတွေဘာတွေကူးတဲ့အခါ သေချာကူးနော်.. Kim Taehyung... ရှပ်ပြာ ရှပ်ပြာမလုပ်နဲ့..."
" Nae...."
ကျူရှင်ဝိုင်းရှိ၍ မနက်အစောကြီး အိမ်ကနေထွက်ခဲ့ရသော Taehyungသည် မာဖလာလေးနှင့် အနွေးဦးထုပ်၊လက်အိတ်လေးကိုလည်း ဝတ်ဆင်ထားကာ အိပ်ရေးမဝမှုကြောင့် သမ်းဝေလိုက်သည့်အခါ အာငွေ့တို့က ထောင်းခနဲ ။
နောက်ဆုံးစာမေးပွဲကြီးက နီးနေပြီဖြစ်၍ မနက်ခင်းအစောပိုင်း သွားလာလှုပ်ရှားနေကြသည့်သူများမှာ အထက်တန်းကျောင်းသူ၊ကျောင်းသားအများစုသာဖြစ်သည် ။
Taehyungမှာ ကျူရှင်ဝိုင်းသို့ဦးတည်သည့် Busထက်မှာ ကားမှန်မှာခေါင်းအပ်ပြီး အိပ်လာခဲ့သေးသလို ကျူရှင်ဝိုင်းကနေ ကျောင်းကိုတဆင့်ပြန်စီးရသည့် Busအပေါ်မှာလည်း ထိုနင်း၎င်းပင်..။
ပြတင်းပေါက်နားက ခုံဆီမှာ ကျောပိုးအိတ်လေးကို ရင်ခွင်ထဲပိုက်ရင်း ပါးစပ်လေးဟလျက် အိပ်ငိုက်နေသည့်Taehyung၏ဦးခေါင်းက အယိုင်ယိုင်အထိုးထိုး ။
မှတ်တိုင်တစ်ခု၌ ဆိုက်ရပ်သွားသည့်Busလေး..။
အလိုအလျောက် ပွင့်ဟလာသောတံခါးမှတဆင့် Busအပေါ်သို့တက်လာသည့် ကျောင်းဝတ်စုံနှင့်ကျောင်းသားတစ်ဦး ။သူသည် အိပ်ငိုက်နေသော Taehyungကိုတွေ့လျှင် ပါးချိုင့်ရေးရေးလေး ထင်းသည်အထိ ပြုံးမိသွားရကာ Taehyung၏ဘေးမှာ ဝင်ထိုင်လိုက်သည် ။
ပြီးလျှင် ရင်ခွင်ထဲပိုက်ထားသည့် ကျောပိုးအိတ်လေးကို ဆွဲယူပေးကာ ဆိုင်ကနေ အခုမှ ဝင်ဝယ်လာသော ပူပူနွေးနွေးကော်ဖီဘူးလေးကို Taehyung၏လက်နှစ်ဖက်လေးကို အုပ်မိုးစုကိုင်စေလိုက်လျှင် Taehyungမှာ အသိစိတ်လေးကပ်လာသည် ။
YOU ARE READING
♡ Romance in the School ♡ (Complete)
FanfictionKim Taehyung × Jeon Jungkook Sweet Romance, Comedy, Funny Taekook makes me happy.