unicode
Fighterကြီးနှင့် ရည်းစားမတော်ရခင် (၁)ပတ်အလို..။
Kim Taehyungတစ်ယောက် ကျောင်းဝတ်စုံကို ဗရုသုက္ခနှင့် အလျှင်အမြန် ထိုးလျှိုနေရသည် ။
ညတုန်းက ဘော်ဒါတစ်သိုက်နှင့် Gameကို ညနက်အောင် ဆော့ထားသည်ဖြစ်၍ အိပ်ရာထနောက်ကျကာ အခုလို ဗြုတ်စဗျင်းတောင်း ဖြစ်နေရခြင်းဖြစ်သည် ။
စာအုပ်စုံမစုံမသိသည့် ကျောပိုးအိတ်ကို ကောက်လွယ်ကာ အခန်းထဲကနေ ဒုန်းဆိုင်းထွက်လာခဲ့လျှင် Taehyung၏ Hyungဖြစ်သူ Seokjin Hyungက အပြင်ကနေ ဈေးဝယ်ပြန်လာသည်နှင့် ကြုံကြိုက်ကာ မျက်မှောင်တွန့်ချိုးပြီး ကြည့်လာသည် ။
" အိပ်ရာထ နောက်ကျပြန်ပြီလား... Kim Taehyung.. ငါ ဈေးမသွားခင် မင်းကို နိုးခဲ့တယ်လေကွာ..."
" ပြန်လာမှပဲ ဆူတော့.. Hyungရေ... ကျွန်တော် ဒီအချိန်မှ မသွားရင် Bus မမှီဘူး..."
ဖိနပ်ကို ကပျာကယာထိုးလျှိုကာ ကြိုးတောင် သေချာမချည်နိုင်ဘဲ အိမ်ထဲကနေ မာရသွန် အပြေးသမားသဖွယ် Bus မှတ်တိုင်ဆီ ဦးတည်နေသည့် Taehyung၏ ဆံနွယ်တို့က လေအလျှင်ကြောင့် တလွှင့်လွှင့် ။
ဆင်တူလုံးချင်းအိမ်ရာလေးတွေ တသီးတသန့် တည်ရှိသော သူတို့၏ရပ်ကွက်လေးက ခြံစည်းရိုးများကလည်း ရင်ညွှန့်လောက်သာရှိကာ အဖြူရောင်ဆေးကို သုတ်ထားသည် ။
ကားတွေရှင်းသည့် လမ်းကြားလေးက ငြိမ်းငြိမ်းချမ်းချမ်း ။
Bus မှတ်တိုင်ရောက်မှသာလျှင် ဖြတ်သန်းသွားလာနေသည့် ကားများကို တွေ့ရသည် ။
" ခဏလေး!!.. Arjushi!!..."
လက်မလေးတင် ကားတံခါးပိတ်တော့မည်ကို Taehyung တားလိုက်နိုင်ကာ Busကို မှီသွားရသည် ။
Busပေါ်မှာ လွတ်သည့်နေရာတွင် ဝင်ထိုင်လိုက်ပြီးမှပဲ Taehyung တစ်ယောက် အမောဖြေနိုင်တော့သည် ။
ဟူး.. တော်သေးတယ်.. ဒီBusကို မမှီရင် Taehyung ကျောင်းနောက်ကျပြီး စည်းကမ်းထိန်းသိမ်းရေးမှူးဆီအလည်သွားရလိမ့်မည် ။
အိမ်မှာ ကျန်ခဲ့သည့် Hyungဖြစ်သူ Kim Seokjinကတော့ သူ ပြင်ပေးထားခဲ့သည့် မနက်စာက အုပ်ဆောင်းအောက်ထဲမှာ အရာမယွင်းရှိနေသေးသည်ကို လှပ်ကြည့်ရင်း မနက်စာမစားသွားသည့် ညီငယ်လေးကြောင့် ပွစိပွစိ ရွတ်နေတော့သည် ။
YOU ARE READING
♡ Romance in the School ♡ (Complete)
FanfictionKim Taehyung × Jeon Jungkook Sweet Romance, Comedy, Funny Taekook makes me happy.