Part ~ 18

11.5K 1.4K 103
                                    

zawgyi

" ဘာစားမလဲ... မင်းစားချင်တာမှာ..."

သပ်သပ်ရပ်ရပ် အပြင်အဆင်များနှင့် စားသောက်လေးအတွင်း ။
စားပွဲဝိုင်းများကို အဖြူရောင် စားပွဲခင်းနှင့်လွှမ်းခြုံထားကာ အလှဆင်ပန်းအိုးလေးထဲမှာတော့ နှင်းဆီနီတစ်ပွင့်ကို ထိုးဆိုက်ထားသည် ။
Jeon Jeon Jungkookရွေးချယ်လိုက်သည့် စားသောက်ဆိုင်တိုင်းက ရိုမန့်တစ်ဆန်သည့်အပြင်အဆင်များသည်ဟု ဆိုရမည် ။

Taehyungတစ်ယောက် စားသောက်ဆိုင်ဝန်ထမ်းကမ်းပေးလာခဲ့သည့် Menu cardလေးကို ယူဆောင်လိုက်ကာ အစားအသောက်စာရင်းများကိုသာ တွေတွေကြီးကြည့်နေမိသည် ။

အာ.. သူကလည်း Jeon Jungkookကို တစ်ခေါက်လောက်ပြန်ပြီး ဝယ်ကျွေးရမှာဆိုပေမယ့် Taehyung၏မုန့်ဖိုးလေးတွေက ဒီလိုစားသောက်ဆိုင်ထိုင်ပြီး လုံလုံလောက်လောက် ပိုက်ဆံရှင်းဖို့အတွက် မရှိဘူး..။

" steakစားမလား.. ဒီဆိုင်က steakက နာမည်ကြီးတယ်.."

" အော..."

Taehyung၏ တွေဝေနေဟန်ကြောင့် Jungkookကပင် steakနှစ်ပွဲမှာလိုက်ကာ အသက်မပြည့်သေးသည့် ကျောင်းသားအရွယ်သာရှိသေးတာမို့ သောက်စရာကတော့ Juiceသာမှာရသည် ။

" ငါ.. သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်..."

" အင်း..."

Jeon Jungkookကို Taehyung ခွင့်တောင်းသလိုဆိုလိုက်လျှင် Jungkookက ခေါင်းညိတ်ပြသည် ။

Taehyung စားပွဲဝိုင်းမှထပြီး သန့်စင်ခန်းသို့ ဦးတည်လိုက်စဉ် အချိန်အတွင်း စားသောက်ဆိုင်အတွင်း ဝင်လာခဲ့သော Namjoonနှင့် Seokjin ။

Seokjinက သူ့၏ပန်းရောင်ဂျင်းJacketက ပျောက်ချင်းမလှပျောက်သွားသည့်အတွက် မျက်နှာထားက အတော်လေးကို မသာယာဖြစ်နေသည် ။
တခြားအရောင်ဆို သူ ဒီလောက်ထိဖြစ်ပျက်နေမှာမဟုတ်ပေမယ့် အဲ့ဒီ့ပျောက်ဆုံးသွားတဲ့ ဂျင်းJacketလေးက သူ့၏တစ်ခုတည်းသော Fav colourဖြစ်သည့် ပင့်ခ်ခု!! ပင့်ခ်ခုလေး!!..

" ဒီဝိုင်းမှာ ထိုင်ရအောင်... Jin Hyung.."

Namjoonက စိတ်လှုပ်ရှားသည့်ဟန်ပန်ကို ထိန်းချုပ်ထားရရင်း စားပွဲဝိုင်းတစ်ခုဆီက ထိုင်ခုံလေးကို Jin Hyungထိုင်နိုင်ရန်အတွက် လူကြီးလူကောင်းဆန်စွာပင် အသင့်ထုတ်ထားပေးလိုက်ပေမယ့် Jin Hyungက သူ့ဘက်ကိုမကြည့် ။

♡ Romance in the School ♡ (Complete)Where stories live. Discover now