zawgyi
ပထမနှစ်ဝက်စာမေးပွဲကြီးဖြေဆိုသည့် နောက်ဆုံးနေ့ ။
စာရသည့်ကျောင်းသားတွေကတော့ မေးခွန်းကို သေချာဖြေဆိုနေသလို စာအလယ်အလတ်ရသည့် ကျောင်းသားတွေကတော့ မိမိကျက်မှတ်ထားသလောက် ကြိုးစားဖြေနေသည် ။
စာမရသည့်ကျောင်းသားတွေကတော့ အဖြေတွေကို ခေါင်းကုတ်ဖင်ကုတ်နှင့် ရမ်းသန်းဖြေဆိုနေကြသလို တစ်ချို့ကတော့ သတ်မှတ်ထားသည့် ဖြေဆိုချိန်မပြည့်သေးသောကြောင့် အခန်းပြင်ထွက်ခွင့်မရသေး၍ ပေါ်ပေါ်ထင်ထင်ပင် မှောက်အိပ်နေကြသည် ။Taehyungကတော့ မိမိရသည့်စာတွေတစ်လုံးမှ မပါသည်ကြောင့် ကံကိုသာပုံအပ်လိုက်ကာ အဖြေမှန်ရွေးသည့်မေးခွန်းမှာ ခဲဖျက်လေးကိုလှိမ့်လိုက်ရင်း ခဲဖျက်ကျသွားသည့် နံပါတ်လေးကိုအမှန်ခြစ်လိုက်သည် ။
Minjaeကတော့ မေးခွန်းတွေကိုစိုက်ကြည့်နေကာ ဆရာတောင်သင်ခဲ့ဖူးရဲ့လားဟူ၍ အတွေးများနေရှာသည် ။
Songwooကတော့ မေးခွန်းစာရွက်မှာ လက်သရမ်းကာ ပုံတွေလိုက်လျှောက်ရေးခြစ်နေသလို Jaewonကတော့ မေးခွန်းစာရွက်ကို လေယာဉ်ပျံစက္ကူခေါက်နေလျက်..။
" အဖြေစာရွက်တွေအပ်ပြီး ထွက်လို့ရပြီ..."
အခန်းစောင့်ဆရာဆီကနေ ထိုအသံကြားသည်နှင့် သူတို့ဘော်ဒါတွေကတော့ အားကြိုးမာန်တက်နှင့် အဖြေစာရွက်အပ်ကာ အတန်းထဲကနေ မြှောက်ကြွမြှောက်ကြွ ထွက်ခဲ့ကြတော့သည် ။
" ကာရာအိုကေလည်း သွားမယ်လို့ ပြောထားပြီးသားနော်.. မိုးချုပ်တဲ့အထိကဲမယ်..."
Jungkookတို့အဖွဲ့နှင့် Taehyungတို့အဖွဲ့ဆုံသောအခါ အချင်းချင်း ရင်းနှီးနေကြပြီဖြစ်သောကြောင့် Minjaeက Cha Eunwooကို ပခုံးဖက်၍ပင်ဆိုလိုက်သေးသည် ။
" မင်းတို့က မြူးနေပုံထောက် စာမေးပွဲ ဖြေနိုင်ကြတာလား..."
" ငါက.. ဘာသာစုံ.. "
" all dလား..."
" ကျမှာ..."
Minjae စာမေးပွဲ resultအကြောင်းကို တွေးမိလျှင် သောကရောက်ချင်သွားပေမယ့် ချက်ချင်းပင် ခေါင်းယမ်းရှင်းထုတ်လိုက်သည် ။
နောင်ခါလာနောင်ဈေးမှပေါ့..။
YOU ARE READING
♡ Romance in the School ♡ (Complete)
FanfictionKim Taehyung × Jeon Jungkook Sweet Romance, Comedy, Funny Taekook makes me happy.