Part ~ 27

10.5K 1.3K 397
                                    

unicode

မနက်စောစော အိပ်ရာကနေထတတ်သည့် Jeon Jungkook ။
အားကစားဝတ်စုံလေးဝတ်ကာ ရပ်ကွက်ထဲမှာ တစ်ပတ်ပတ်ပြေးပြီး မနက်ခင်းလေ့ကျင့်ခန်းလုပ်ပြီးမှ အိမ်ထဲကို ပြန်ဝင်လာခဲ့လျှင် အဖေကလည်း အိပ်ရာကနိုးနေပြီဖြစ်သည် ။

" Morning My Son..."

" Morning..."

Jungkook မီးဖိုခန်းအတွင်းသို့ ဝင်လာကာ ထမင်းဘူးထုတ်ရန်အတွက် ပြင်ဆင်လိုက်သည် ။
သူတို့တစ်အိမ်သားလုံး (အမေကလွဲရင်) သားအဖသုံးယောက်လုံးက ဟင်းချက်လက်ရာကောင်းသူများ ဖြစ်ကြသည် ။

Kim Taehyungက အခုရက်ပိုင်း မနက်အစောပိုင်းကိုလည်း ကျူရှင်ဝိုင်းသွားရသည်ဖြစ်၍ မနက်စာလွတ်လွတ်နေတတ်သည်ကြောင့် Jungkookကပင် ရည်းစားဖြစ်သူအတွက် မနက်စာပြင်ပေးနေတာဖြစ်သည် ။

ပေါင်မုန့်နှစ်ချပ်ကိုထုတ်ကာ ထောပတ်သုတ် ရေဆေးထားသည့်ဆလပ်ရွက်လေးကိုတစ်ထပ်ခံ အသားပြားကို ဆီပူနှင့်ကျက်အောက်ကျော်ပြီး ထပ်တင်လိုက်ကာ ကြက်ဉခလောက်ကြော်ကိုလည်း တစ်ထပ်ထပ်လိုက်သည် ။
ပြီးမှ ချိစ့်ပြားလေးတစ်ထပ်နှင့် ဆလပ်ရွက်လေးတစ်ထပ်ထပ်လိုက်ကာ ပေါင်မုန့်တစ်ချပ်နှင့်ဖုံးပြီး အသေချာဖိကာ ဓားနှင့်လေးစိတ်ပိုင်းလိုက်ပြီး ထမင်းဘူးထဲတွင် အစီအရီထည့်လိုက်သည်...။

" ဝါး... အစောကြီးထပြီး.. ထမင်းဘူး ပြင်နေပြန်တာလား... Hyung..."

အခုမှ အိပ်ရာထလာသည့် သူ့၏ညီဖြစ်သူ Jungwooက သမ်းဝေရင်း Jungkookအနားသို့ရောက်လာကာ ပေါင်မုန့်တစ်စိတ်အားနှိုက်မြည်းရန် ပြင်လိုက်လျှင် Jungkook သူ့လက်ကို ခပ်ဆတ်ဆတ်တစ်ချက် ရိုက်လိုက်သည် ။

" အ...."

" မထိနဲ့... ကိုယ့်ကိုယ်လုပ်စား..."

" Hyung.. အကျင့်ပုပ်... "

" ခပ်ပုပ်ပုပ်ပဲ..."

" ဘာလို့ ပေါင်မုန့်အနားသားတွေကို ဖယ်ထားတာလဲ..."

" သူက ပေါင်မုန့်အနားသားကို မစားဘူး..."

Jungwooက ဝက်အူချောင်းကိုကြော်ပြီး ကတ်ကြေးနှင့်ကိုက်ဖြတ်ကာ ထမင်းဘူးထဲကိုထည့် ဆော့နှစ်ကိုဖြန်းနေသည့် သူ့အကိုအား မျက်ဝန်းတို့ မှေးစင်းလျက် စိုက်ကြည့်သည် ။

♡ Romance in the School ♡ (Complete)Where stories live. Discover now