zawgyi
ကျောင်းဆင်းချိန် ။
Taehyungတစ်ယောက် ဘော်ဒါတွေလက်ကို ဆွဲယမ်းကာ အပူကပ်နေရသည် ။" ရား... ငါ့ကို ကူစောင့်ပေးကြပါဆို... "
" မအားဘူး... အိုမားက အိမ်တန်းပြန်လာဖို့ ပြောထားတယ်..."
" ငါရောပဲ..."
" ငါရောပဲ... "
Taehyungက Jeon Jungkookကို အတူကူစောင့်ပေးဖို့အတွက် ပြောသည်ကို ချက်ချင်းလက်ငင်းပင် သားလိမ္မာလေးတွေ ဖြစ်သွားကြသော ဘော်ဒါရောင်းရင်းတို့က လှစ်ခနဲ ပြေးထွက်သွားခဲ့ကြသည်မှာ တရားကျဖို့တော်တော်ကောင်းသည် ။
" အေး... မင်းတို့နဲ့ငါ သေခန်းပြတ်ပြီ!!.. ကျက်သတုံးတွေ..."
Taehyung ခပ်ကြိတ်ကြိတ် ကြိမ်းဝါးကာ လေဟာနယ်ထဲ ကန်ကျောက်ကျန်ခဲ့ရင်း စိတ်လှုပ်ရှားသလို လက်သည်းထိပ်လေးကို တတိတိကိုက်လိုက်မိသည် ။
Jeon Jeon Jungkookက သူ့ကိုစောင့်ဖို့ ပြောထားတာ..။
သူသာ မစောင့်ဘဲ ပြန်လို့ကတော့ မခန့်လေးစားလုပ်တယ်ဆိုပြီး ငြှိုးသွားရင် သူပဲ ဒုက္ခရောက်လိမ့်မည် ။" အားရှ်... စောင့်ဖို့ပြောထားပြီး.. ပေါ်လည်း မပေါ်လာသေးဘူး..."
ကျောင်းချိန်ပြီးဆုံးပြီဖြစ်၍ ကော်ရစ်ဒါလမ်းလေးထက်က လူရှင်းလျက်ရှိနေကာ အတန်ကြာသည်အထိ မရောက်လာသေးသော Jeon Jungkookကြောင့် Taehyung ပျင်းလာကာ ကျောပိုးအိတ်ကြိုးလေးကို ရစ်ပတ်ကစားနေစဉ် ခပ်လှမ်းလှမ်းမှာ တွေ့လိုက်ရသည့် Jeon Jungkookနှင့် သူ့၏သူငယ်ချင်းတွေကြောင့် ကိုယ်ဟန်မတ်သွားရသည် ။
Jeon Jungkookက သူ့သူငယ်ချင်းတွေကို တစ်ခုခုလှမ်းပြောလိုက်ပုံရကာ သူ့သူငယ်ချင်းတွေနှင့် လမ်းခွဲလိုက်ပြီး သူတစ်ယောက်သာ Taehyungဆီ လျှောက်လမ်းလာသည် ။
" အာညော်... ဟီး... "
Taehyungလည်း Jeon Jungkookကို မျက်နှာလိုမျက်နှာရ သွားလေးဖြီးရင်း လက်ပြနှုတ်ဆက်လိုက်သော်ငြား Jeon Jungkookကတော့ ရုပ်တည်နှင့်သာဖြစ်၍ လက်လေး မရဲတရဲ ပြန်ချရင်း အခုအခြေအနေကြောင့် အနေခက်လွန်း၍ သေတော့မလိုတောင် ခံစားနေရသည် ။
တိတ်ဆိတ်နေသည့် လေထုကအစ စိမ်းသက်သက် ။
" မင်းက ကျောင်းဆင်းရင် အိမ်ပဲတန်းပြန်တာလား..."
YOU ARE READING
♡ Romance in the School ♡ (Complete)
FanfictionKim Taehyung × Jeon Jungkook Sweet Romance, Comedy, Funny Taekook makes me happy.