Kim 1.

4.7K 226 10
                                    

ခေါင်မိုးပေါ်မိုးပေါက်ကျတသံဟာတစက်ချင်းစီ အိပ်ခန်းဆောင်ဝန်းကျင်တခုလုံးဟာလည်းစိမ်းစိမ်းစိုစို လေဝှေ့သံများကလည်းတဝှီးဝှီး မိုးဟာသည်းသည်လည်းမဟုတ်ပါပဲအုံ့မှိုင်းမှိုင်းနှင့်လျှပ်စီးတချက်တချက်ထလက်ချင်သလိုလိုမှာထူးဆန်းသည်
နေဝင်ပြီဖြစ်သောကြောင့်မှောင်စတော့ပြုချေပြီ

ကင်မ်အိမ်တော်၏သခင်လေးဆော့ဂျင်ရဲ့အိပ်ခန်းဆောင်ကတော့ထုံးစံအတိုင်းအသံသေးသေးလေးတွေဟာပိကျိပိကျိပင်

မှင်အိုးထဲသို့စုတ်တံကိုတချက်စွတ်နှစ်လိုက်ပြီး တဖက်မှလေးထောင့်အတုံးတခုနှင့်ဖိထားသောစာရွက်ဖြူအလွတ်တခုပေါ်တွင်စာလုံးများကိုစတင်ရေးဆွဲသည် သို့သော်အားမပါစိတ်မပါဟန် ခေါင်းကိုတခြမ်းစောင်းကာစားပွဲပေါ်ဝပ်အိပ်မတတ်လေးလေးပင်ပင်အမူဟန်တို့ဖြင့်စာလုံးများကိုရေးခြစ်သည်

"ဘုန်း"

စားပွဲကိုလက်နှစ်ဖက်နှင့်ထုချလိုက်သံပင် ။ မတ်ကနဲထလာပြီးစားပွဲကိုလက်ထောက်ချသည် မျက်နှာမှာသုန်မှုန်ကာမျက်ခုံးနှစ်ခုမှာထိကပ်မတတ်တွန့်ကျိုးနေသည်
အကြည့်တွေသာလောင်ကျွမ်းနိုင်စွမ်းရှိခဲ့လျင်အခန်းဆောင်ထောင့်တွင်တုတ်တုတ်ရပ်နေသောအထိန်းတော်ကြီးဟာပြာပင်ဖြစ်လောက်သည်

"သ..သခင်လေးကင်မ် ဘာများစိတ်တိုင်းမကျပြန်တာပါလဲ"

စကားတို့မှာကြောက်လန့်ပုံမပေါ်သော်လည်းအထစ်ထစ် ညဘက်ကြီးအတတ်ဆန်းတွေလျောက်လုပ်ပြီးအိမ်တော်မှထွက်ပြေးမည်ကိုတော့အထိန်းတော်ကြီးရောကိုယ်ရံတော်တွေရောကလန့်ရသည်

"ဟေ့ ဒီမှာပျင်းစရာကောင်းလွန်းတယ် ဒီစာတွေလည်းဘာလို့ရေးခိုင်းနေသတုန်း နန်းတော်ထဲမလဲမဝင်ချင်ပေါင် ဘာမူးမတ်ရာထူးမှလည်းမလိုအပ်ဘူး ဝင်ချင်မှဖြင့်မင်းသမီးချယ်ကိုလက်ဆက်တာကြာပေါ့"

တပျစ်တောက်တောက်ပြောသံဟာကလေးတယောက်ကမကျေနပ်သည်များကိုဖွင့်အံထုတ်နေသည့်ဟန် နှုတ်ခမ်းလုံးလုံးလေးဟာလည်းအနည်းငယ်စူထွက်နေသေးသည်
ခုနကတွန့်ချိုးထားသောမျက်ခုံးတို့ဟာအနည်းငယ်ပြေလျော့လာကာ အားပါပါပြောနေသည်မှာလက်ညှိုးကတထိုးထိုးနှင့်ချစ်စဖွယ်အတိဖြစ်သည်

WHO ARE YOU Mr.KIM ? (✔️)Where stories live. Discover now