Kim 16.

665 115 12
                                    

အလုံပိတ်အခန်းတခု ။
မြတ်နိုးရတဲ့ကိုယ်သင်းနံ့သင်းသင်း ။

သိပ်မက်မောစုံမက်ခဲ့တဲ့လက်သွယ်လျလျလေးတို့ဟာ မြင်မြင်သမျှအရာတို့ကိုပစ်ပေါက်ဖျက်ဆီး၏

အဖျားငွေ့ငွေ့လည်းစမ်းမိသည်မို့ ဆန်ပြုတ်တဇွန်းကိုခပ်ကာနှုတ်ခမ်းနားတည့်ပေးတော့ဝါးဇွန်းကိုပါပုတ်ထုတ်လာပြီးနှုတ်ခမ်းကိုတင်းတင်းစေ့ကာတဖက်သို့လှည့်သွားသည်

တချိန်ကလက်သည်းဆိုးဆေးနီပြာဝါရောင်စုံတို့မပြတ်ခဲ့သောလက်သည်းခွံကြည်တော်တောက်တို့က ခုတော့လက်ဖျံတလျောက်ကုတ်ဖဲ့ဒဏ်ရာတို့ကိုသာပေးစွမ်း၏

"ဒါလေးစားလိုက်ပါဦး ဒီမှာကြည့် ငယ်
ကိုယ်မင်းကိုပထမဆုံးပေးခဲ့တဲ့လက်ဆောင်လေးလေ"

ဝါးဇွန်းလေးကိုလှုပ်သဲ့ပြမိတော့ မျက်နှာဟာ ပြန်ကြည်စင်သွားပြီး နှုတ်ခမ်းပါးတို့ကိုပွင့်ဟပေးလာသည်

"ကိုကို ငယ်တို့ဆီဖေဖေလာနေပြီလား"

"ကိုယ်ရှိပါတယ်ငယ်ရဲ့"

နှဖူးပေါ်မှဆံနွယ်တို့ကိုသပ်တင်ပေးတော့
နှဖူးပြင်ပြေပြေလေးကထင်းကနဲ ။
ဤအမျိုးသမီးဟာထုံးဖွဲ့ခြယ်သခြင်းမရှိသည့်တိုင်
ဆံပင်သိမ်းတင်ရုံနှင့်ပင်လှပကျော့ရှင်းနေဆဲ ။

အနာဖေးတက်နေသည့်အနာရွတ်ဖြူစင်းတို့က
ပါးပြင်တဖက်စီတွင် တပိုင်းတပြတ်နေရာယူသည့်တိုင်အကျည်းတန်သည်ဟုမထင်မိ၊
မြတ်နိုးဆဲပါငယ်

"ကူးကူးလေးရော"

ဖိုးသားကူးကအနားမှာဝင်ကပ်ထိုင်လိုက်တာနှင့်
ပါးဖောင်းဖောင်းလေးကိုသူမဆွဲဖျစ်သည်ကချစ်စနိုး

ဆန်ပြုတ် ၁၀လုတ်လောက်ခွန့်ပြီးသွားရုံသာကြာလိုက်သည် ။

လည်တိုင် ညှပ်ရိုးနှင့် လက်မောင်းတို့ကိုပွတ်သပ်စမ်းသည့်လက်ဖဝါးအစုံဟာပါးပြင်တို့ပေါ်ရောက်မှတန့်ကနဲ ငြိမ်ကျသွားသည် ။

"ဒါတွေဖြစ်နေပြန်ပြီ ဆေးကုမယ် ဒါတွေပျောက်မှကျောင်းကိုလည်းလွှတ်ပြီး ကိုနဲ့လည်းယူလို့ရမှာ"

WHO ARE YOU Mr.KIM ? (✔️)Where stories live. Discover now