Kim 10.

871 127 24
                                    

အရှိန်ဖြင့်ဘရိတ်အုပ်ချသည့် စက်သတ်သံက
မြေကြီးတခုလုံးသိမ့်သိမ့်ခါနိုင်သည် ။

ကားတံခါးကိုလည်းမပိတ်လှည့်နိုင်
အိမ်ထဲသို့တဆုံးပြေးဝင်သည်က ဝရုန်းသုန်းကားပင်

နံရံကိုလက်သီးဖြင့် ၃ ၄ ချက်ဆင့်ထိုးလာသည် ။

"ဘယ်မှာလဲ
မင်းတို့ခြံထဲမှာ CCTV မတပ်ထားဘူးလား"

"CCTVကထယ်ယောင်းပိတ်ထားလိုက်တာ"

ဝင်ဖြေသူဟာ ဟိုဆော့ ၊
အသံဟာအနည်းငယ်တိမ်ဝင်နေပြီ
ဂျောင်ကုကိုပင်စေ့စေ့မကြည့်ရဲတော့ ။

ထယ်ယောင်းရဲ့လည်တောင်ကော်လာမှဆွဲမလာကာ မျက်နှာကိုလက်သီးဖြင့်ရွယ်တော့
ဟိုဆော့ကပဲဝင်ဆွဲပေးရသည် ။
ဖြန်ဖြေသည့်လက်တို့ဟာပင်
တုန်ယင်နေသည်ကမရပ်တန့်နိုင်ပါ ။

"ငါ့ဖေဖေသိသွားမှာစိုးလို့ပါ ဆော့ဂျင်ကို
ဒီလိုတွေလုပ်နေမယ့်အစား ငါတို့ထွက်ရှာသင့်တယ်"

ဂျောင်ကုရဲ့ လက်တို့ကိုပုတ်ဖယ်ချသည် ။

အလိုလိုပြေလျော့လာသည်လည်းပါသည် ။
ကြမ်းပြင်ပေါ်ဒူးကွေးကျသည်ကထောက်လျက်သား
ဂျောင်ကုဆံနွယ်တို့ကိုဆွဲဖွလိုက်ပြီး အော်ထုတ်လာသည်ကအားးဟူသောအသံကျယ်ကြီးတခု။

နံရံတို့ကိုလည်း အားနှင့်ထပ်လွှဲထိုးသည်က
အချက်ပေါင်းမနည်းမနော။
ဘေးကကြည့်နေသည့် သူပင်သွေးပျက်လောက်၏

"မတွေ့လို့ကတော့ မင်းတို့မလွယ်ဘူးသာမှတ်"

ဂျောင်ကုကားသော့ကိုပြန်ဆွဲယူကာ ခြံထဲမှမောင်းထွက်သွားတော့သည် ။
နောက်ကလိုက်ထွက်ခွါသည်က ကားအဖြူလေးထဲမှ ဟိုဆော့နှင့်ထယ်ယောင်းပင် ။
ဂျောင်ကုနှင့်ဆန့်ကျင်ဘက်လမ်းသွယ်သို့ဦးလှည့်၏
>>>>

လူချမ်းသာရပ်ကွက်ဖြစ်သည့်အတွက်
လူနေခြံတို့ဟာ ကျယ်ဝန်းသည်ကပင်
တခြံနှင့်တခြံလှမ်းလွန်းသည် ။
လူသွားလမ်းပေါ် လူအသွားလာမပြောနှင့် လေလွင့်တိရစ္ဆာန်လေးတကောင်ပင်အရောင်မပြလာခဲ့ ။

ဘေးလမ်းသွယ်တွေထဲဝင်ထွက်ပြုမိနေသည်ဟာ
တပတ်ပြီးတပတ် တလမ်းဝင်တလမ်းထွက်သည် ။

WHO ARE YOU Mr.KIM ? (✔️)Where stories live. Discover now