Kim 4.

1K 145 30
                                    

တင်းတင်းဆုပ်ကိုင်ထားမိသည်က
ကင်မ့်လက်ကောက်ဝတ်ဟာ သိသိသာသာရဲတက်လာမှ ဂျောင်ကုသတိထားမိသည်

"ဆောရီး ငါနည်းနည်းစိတ်လောသွားလို့"

ဆော့ဂျင်ဆီကစကားသံတို့ထွက်မလာ
လက်ကောက်ဝတ်ကို လက်ချောင်းတို့နှင့်ဖွဖွလေးနှိပ်ပြီးပွတ်သပ်နေသည်

"တောင်းပန်လက်စနဲ့ပဲ ဆက်တောင်းပန်ပါရစေ
မင်းဒီမှာထပ်စောင့်နေရဦးမယ်ထင်တယ်
လောလောဆယ်တော့ ငါတို့တခုခုပြန်သွားစားကြရအောင်"

ဆော့ဂျင်မျက်နှာကအရောင်ပြန်လက်လာသည်
ဗိုက်ကဟန်မဆောင်နိုင်အောင်ဆာနေတာပဲလေ

"ဘာစားပြီးပြီလဲ ကင်မ်"

"ထမင်းသုပ်"

"ခုနကလား"

"ဟင့်အင်း ဘုရားကျောင်းမှာစောင့်နေတုန်းက"

ဂျောင်ကုရယ်သည်
ဒါဟာတခုခုကိုနှစ်ခြိုက်စွာရယ်မောခြင်း။

"ဘုန်းတော်ကြီးကမင်းကိုခေါ်ကျွေးလိုက်တာလား"

"ဟင့်အင်း ဟိုဆော့နဲ့"

"အော် ခုရောထပ်စားနိုင်သေးလား"

"အင်း ခုနေ့လယ်စာဆိုတော့အရည်ဟင်းတခုခုစားရင်ကောင်းမယ်နော်"

ပြုံးသည် ခေါင်းကိုလည်းတချက်ညိတ်သည်

"ဒီကိုခေါက်ဆွဲအေး၂ပွဲပေးပါဝက်သားနဲ့"

"ဒါနဲ့ဟိုဆော့သူငယ်ချင်းဖေဖေကမင်းတို့ဆရာလား
သူကမိုက်တာရော ကဒ်တောင်အပိုရှိနေတော့"

ဂျောင်ကုစားပွဲခုံကို တစ်ရှူးစတခုဖြင့်သုတ်နေရာက
လက်တို့ရပ်တန့်သွားသည်
မျက်ခုံးတန်းဟာ ပြန်လည်တွန့်ကျိုးစပြုလာသည်

"ဆိုပါတော့"

"ငါစကားပြောမှားသွားတယ်ထင်တယ်
မင်းသူနဲ့ရန်စရှိသလား"

"ထယ်ယောင်းနဲ့အဆင်မပြေမရှိပါဘူး
ဒါပေမယ့်သူ့အဖေကြောင့်သူ့ကိုမပတ်သက်ချင်တာ"

တိကျပြတ်သားသည့်အဖြေကြောင့်
တွေဝေသွားသည်ကဆော့ဂျင်ပင်ဖြစ်သည်
အိမ်တော်နှစ်ခုမပြေလည်သည့်ဆက်ဆံရေးမျိုးများလား ဟုဆော့ဂျင်မှန်းဆလိုက်သည်

WHO ARE YOU Mr.KIM ? (✔️)Where stories live. Discover now