Kim 19.

711 99 21
                                    

ထိုမနက်ခင်းဟာသာမန်မနက်ခင်းတခုပါပဲ။
ဆောင်းမနက်ခင်းဟာလည်းအသည်းခိုက်အောင်အေးဆဲသာ။
စာငှက်ငယ်လေးတို့ကဝရံတာအပြင်ဝယ်ဆူမည်နေဆဲ။

နှင်းမြူခိုးတို့ကဆိုင်းနေသော်လည်းနေခြည်ပေါက်လေးတော့ရှိသည်
မှန်ပြတင်းရှေ့နားကကျောက်စိမ်းဧကရာဇ်ပင်လေးပေါ်လည်းဝပ်ဖြာနေဆဲ

ဂျောင်ကုကတော့ဆိုဖာပေါ်သာကွေးလျက်သား
မြို့ပတ်ရထားဟာဂျောင်ကုရဲ့စိတ်ကိုစိုးစဉ်းမျှသက်သာစေလောက်သည်ဟုထင်သည်။
ပြန်ရောက်တည်းက ညစာလည်းစားသလို အိပ်ဆေးလုံး၁လုံးကိုသာပါးစပ်ထဲပစ်သွင်းတော့တာနှစ်ညရှိချေပြီ

နှဖူးပေါ်မှဝဲကျနေသော ဆံနွယ်လှိုင်းပြေလေးတစကိုသပ်တင်ပေးတော့ ကင်မ့်လက်ကိုဖမ်းဆုပ်ထားသေးသည်

ထတော့ဆိုတော့ အရင်ရက်အတိုင်းအနမ်းတပွင့်ကိုသူအဖိုးခအဖြစ်တောင်းဆိုပါသေး၏
ဆံနွယ်စိုစိုတို့ကိုလည်းသုတ်ခိုင်းသလို မနက်စာကိုလည်းကင်မ့်အတွက်အရင်လိုပြင်ဆင်ပေးပါသည်

"ဂျောင်ကု"

နာမည်ကိုခေါ်တွင်တော့ဂျောင်ကုကမျက်မှောင်တို့ကိုတွန့်ချိုးကာ ပေါင်ကိုတချက်လာရိုက်သည် မနာပါ ရိုက်သည်ဆိုရုံထိဖွဖွလေး။

"ကို"

သည်တော့မှပြုံးသဲ့လာပြီးခေါင်းတချက်ညိတ်ရင်းတုန့်ပြန်သည်

"ကို့မေမေဆီမသွားတွေ့ချင်ဘူးလား"

ကင်မ့်ပုခုံးစပ်တို့ထဲခေါင်းကိုဝှေ့တိုးသည် ခေါင်းလျော်ထားသည်မို့ရှန်ပူနံ့ပြင်းပြင်းလေးကိုမွှေးမိရ၏ ဂျောင်ကုအတော်ကြာသည်အထိဘာတုန့်ပြန်မှုမှမပြုလာခဲ့ ကင်မ့်လက်တဖက်ကိုဆွဲယူပြီးလက်ဖဝါးကိုနှိပ်နယ်ရင်းသာဆော့နေသည် အတွေးတွေများသိပ်များနေသလားမသိနိုင်။

"ကို လို့"

မှီတွယ်ထားသော ခေါင်းလေး၏လှုပ်ရှားမှုကိုပုခုံးစပ်တို့မှရောခံစားလိုက်ရသည်။

ဆော့ကစားနေသည့်လက်ကိုဖမ်းကိုင်ဖို့ကြိုးစားတော့ ဂျောင်ကုကဆတ်ကနဲလက်ကိုပြန်သိမ်းသွားသည်။

WHO ARE YOU Mr.KIM ? (✔️)Where stories live. Discover now