Kim 20.

762 102 24
                                    

ဂျောင်ကုမျက်ခုံးတို့ကိုတွန့်ချိုးကာ မေးရိုးတို့ထင်းနေအောင်အံကိုကြိတ်ထားသေးသည် ။ မာထန်နေသောအသံဟာဟိန်းကနဲ။

"ဒီမယ် ခွေးစကားတွေပြောတဲ့တယောက်"

မိန်းကလေးနှစ်ယောက်။ လှေကားထောင့်ချိုးနားကခြေလှမ်းတစုံကလည်းတန့်သွားတော့၏။

စိုးရိမ်တကြီးအကျီစကိုဆွဲရင်းနှင့်ပင် မျက်ခွံတဖက်ကိုမှိတ်ထားမိကာတဖက်ကလည်းချောင်းရသေး၏ ဂျောင်ကုထပ်သောင်းကျန်းတော့မည်လား။

"ဒီမှာ သူများအကြောင်းကိုပြောတဲ့ဟာတွေ"

"ဟို ဟို တောင်းပန်.."

လက်ကိုကာပြသည် ဖြေရှင်းသည်ကိုဟန့်တား၏

"အိမ်း ဘယ်ကစရမလဲ
ကင်မ်ကသူကြိုက်တာတခုခုစားနေရရင်အသံပိစိလေးတွေပေါင်းစုံထွက်နေတတ်တယ် ၊ ရုပ်ရှင်ကြည့်နေလည်းတယောက်တည်းပေါက်ပေါက်ဖောက်နေတာ၊ စိတ်ကောက်ပြီဆိုလည်းအောက်နှုတ်ခမ်းကအရင်စူထွက်လာသေး၊ တယောက်တည်းစောင့်နေရရင်လည်းတွဲလဲချထားတဲ့ခြေထောက်နဲ့သဲတွေကိုပုံဖော်ဆော့နေပြန်ရော၊ သူဗိုက်ဆာနေလားမေးလို့မဆာဘူးဆိုတာအလကား သူက၂၄နာရီလုံးအဝပြဲစားနိုင်တယ် စားသလောက်မဝတာတော့သူ့ကုသိုလ်ကံပါပဲ ခေါင်းရိုက်ခွဲခံရတာကိုအေးဆေးနေနိုင်ပေမယ့်မမြင်ဖူးတဲ့သရဲကိုတော့တဟီးဟီးအော်ငိုပြီးကြောက်နေပြန်ရော သူနဲ့စကားနိုင်လုမယ်ဆိုဘယ်တော့မှမနိုင်ဘူး အဲ့နှုတ်ခမ်းလုံးလုံးလေးလှုပ်နေတာကိုပဲအာရုံစိုက်မိနေလို့လေ"

"ဟို အကိုဂျောင်ကု ဒါတွေကကျွန်မတို့နဲ့ဘာဆိုင်...."

"မဆိုင်နေရင်စတည်းကမပြောနဲ့လေ မင်းတို့ခွေးစကားတွေကြောင့်ငါ့ကောင်လေးဘယ်လောက်မျက်နှာညှိုးသွားရလဲသိသလား ကိုယ့်ထမင်းကိုယ်စားကိုယ့်အလုပ်ကိုယ်လုပ် ဒါပထမဆုံးနဲ့နောက်ဆုံးပဲဖြစ်ပါစေ"

"ဟုတ် ဟုတ်"

မိန်းမပျိုနှစ်ဦးကလည်းမတုန့်ပြန်နိုင်တော့
ခေါင်းကုတ်ရင်းသာ ပြာပြာသလဲဆင်းပြေးကြရ၏။

အကျီစကိုလှမ်းဆွဲဆုပ်သောလက်ကောက်ကောက်လေးတို့ကပြေလျော့လာပြီး လက်သီးစုပ်ငယ်လေးတို့ကရင်ဘတ်ကိုတဘုံးဘုံးထုတော့သည်

WHO ARE YOU Mr.KIM ? (✔️)Where stories live. Discover now