Kim 7.

900 134 14
                                    

အိမ်ပြန်ရောက်တာနှင့်
တံခါးမကိုအားနှင့်လွှဲပိတ်ချသည် ။

ဂျောင်ကုလက်ထဲမှအထုပ်တွေကို
ဆိုဖာဘေးချရင်းရပ်နေမိတော့
ဆိုဖာပေါ်တက်ထိုင်လာသည်ကကင်မ်ဖြစ်သည် ။
လက်ကိုဆွဲယူလာသည် ။ ခုံပေါ်ထိုင်ခိုင်းခြင်းသာ ။

"နေဦး အိမ်မှာဆေးဘူးတွေမရှိဘူးလား"

"ဆေးဘူးတွေ ဘာအတွက်လဲ ကင်မ်"

"မင်းလက်ဆေးထည့်ရမယ်လေ"

ဂျောင်ကုရယ်ကျဲကျဲလုပ်လာသည်
ပဝါကိုချွတ်ပစ်ဖို့အစကိုထိလိုက်ရင်း..

"ဒီလိုဒဏ်ရာလောက်ငါရနေကျပါ
စိတ်ပူစရာမလိုဘူး ရတယ်"

"သွားယူ လို့"

လက်ကဆွဲထားသည်ကိုလွှတ်ပေးမလာခဲ့ပဲ
ထပ်တိုး ဝှေ့ရမ်းလာသည်
လက်ကောက်ဝတ်ငယ်ရဲ့အားပျော့ပျော့တို့ဖြင့်သာ ။

ထိုလက်ကောက်ကောက်လေးတို့ကို
ဖယ်ထုတ်ပစ်လိုက်သည် ။

"အင်း ဒီမှာထိုင်နေ သွားယူလာမယ်"

ပြုံးမိသည် ။ လူမမိလိုက်သောအပြုံး ။
အကြောင်းရင်းကိုဂျောင်ကုသိလည်းမသိသလို
အဖြေလည်းမထုတ်လို ။

"ရော့ ဒီဟာကညှစ်ဆေးဘူး လိမ်းရမှာအနာပေါ်ကို"

လေးထောင့်ဆေးထည့်ဘူးခပ်ကြီးကြီးထဲမှ
ဆေးပစ္စည်းတချို့ကိုထုတ်ပေးသည် ။
စကာကွက်ပတ်တီးအဖြူပါးလေး၁လိပ်ရယ်
အစိမ်းရောင်ညှစ်ဆေးတောင့်ရယ်
အကြည်ရောင်အရက်ပြန်ဘူးငယ်နဲ့ ဂွမ်းစတခုရယ် ။

"အနာတော့ပိုးအရင်သတ်ရလိမ့်မယ်
ဘယ်လိုလုပ်ရမလဲသိတယ်မလားကင်မ်"

ပဝါစပတ်ထားသောလက်ကိုအသင့်ထုတ်ပေးလာသည် ။

"ရေဆေးချသလိုပဲမလား"

"အင်း အဲ့ဂွမ်းစထဲနှစ်ပြီးသန့်ရှင်းပေးရုံပဲ"

ပဝါစကိုဖြည်ချလိုက်သည်နှင့်
ဖြူဥသောလက်ဆစ်တို့လက်ချောင်းတို့ပေါ်တွင်
ပွန်းပဲ့ရာတချို့ ပေါက်ပြဲရာတဖုံနှင့် သွေးစရဲရဲတွေ။

အရက်ပြန်တို့သည်အထိ မျက်နှာတချက်မပျက်သွား

လိမ်းဆေးတို့ပြီး ပတ်တီးစည်းပတ်ပေးတော့
မျက်နှာဟာပကတိကြည်စင်လာသည် ။

WHO ARE YOU Mr.KIM ? (✔️)Where stories live. Discover now