Kim 17.

702 120 15
                                    

ဆုပ်ကိုင်ထားသောလက်ဖောင်းအိအိလေးကအဖျားကျသွားသော်လည်းကိုယ်ငွေ့နွေးနွေးတော့နွေးနေဆဲ

အတွေးတို့ဟာအတိတ်ဟောင်းတို့ဆီသို့
ပြေးလွှားစေတော့ ဂျောင်ကုဖေဖေ့လဲခြေကုန်လက်ပန်းကျစွာ မျက်ဝန်းတို့ပင်စိုစွတ်သွားရသည် ။

အရာရာကို သားဂျောင်ကုသိသင့်ချေပါပြီ

လွန်ခဲ့သောအနှစ်၂၀ ကျော်ခန့်ကဖြစ်သည်
ပထမနှစ်အနုပညာတန်း ၊
တချိန်ဂျောင်ကုလေးမိဘတွေဖြစ်လာမယ့် ကျွန်တော်တို့နှစ်ယောက်ရဲ့တွေ့ဆုံမှုအစ ။

စိန်ပန်းနီတို့ကလျောက်လမ်းတလျောက်
ကတ္တပါကော်ဇောသဖွယ် ။

တက္ကသိုလ်ပြီးရင်တော့မိဘလက်ငုပ်အထည်လိပ်ဆိုင်အသေးလေးကိုသာဆက်ခံဖွင့်လိုခဲ့သည် ။

မိမိဟာ နယ်မှကျောင်းလာတက်သူပီပီ
မြို့ကြီးပြကြီးကိုမပျော်ပိုက်နိုင် ။

ရည်ရွယ်သည်ကိုပြောင်းလဲစေသောအနီရောင်စွန်းစတွေ

နေရောင်ကျရောက်သည့် စိန်ပန်းကြွေရဲရဲတို့
ပုခုံးထက်လွယ်သိုင်းသောအိတ်မှချည်စတို့ဟာ ကြက်သွေးရောင်ကွန့်သည်
ဂျစ်ကားပေါ်မှဆင်းသက်သည့် ခြေခုံဖြူနုနုဆင်မြန်းခဲ့သည့်ကတီပါဖိနပ်ဟာ ပန်းနီရောင်
နှလုံးသားသွေးဝင်ခန်းသို့ပို့လွှတ်နှုန်းမြှင့်တင်လာသည့် သွေးနီဥတို့ ။

တီးတိုးစကားသံတချို့ဟာဝေ့တလည်လည် ။
သတင်းကြီးပါပေ့၊ တက္ကသိုလ်မေဂျာကွင်းတဲ့လေ ၊
အို ဒါဟာသိပ်မထူးဆန်းပါ ။
ကျွန်တော်လိုလူရိုးလူအတယောက်တောင်
ရင်ခုန်သံဟာ ယောင်မှားဗြောင်းဆန်စေခဲ့တာ ။

ယမင်းရုပ်တရုပ်ကိုအသက်သွင်းထားသည့်အတိုင်း ကြည်ဥသောအသားရေ ဝင့်ကြွားသောမျက်နှာဟန်နှင့် သူမ ။ လျောက်လှမ်းသောခြေရာတို့ကိုပင် လှပကြွရွလွန်း၍ဖမ်းသိမ်းထားချင်မိပါသည်

ကံတရားဟာသိပ်ကိုမျက်နှာသာပေးခဲ့သည်
သူမဘက်ကစတင်မိတ်ဆက်လာခဲ့တော့ လူဟာအယောင်ယောင်အမှားမှား ။

"အကိုတယောတီးတာသဘောကျလို့
ညီမကိုသင်ပေးလို့ရမလား" တဲ့

ခုံတန်းဘေးဝင်ထိုင်လာတော့ ဘိုးဘေးတို့ထိကျေးဇူးအကြိမ်ကြိမ်တင်မိသေးသည် ။
အိမ်မက်တခုဆိုလည်း နိုးမထချင်ခဲ့တော့ ။

WHO ARE YOU Mr.KIM ? (✔️)Where stories live. Discover now