ခြံရှေ့တွင်တုန့်ကနဲကားထိုးရပ်သည်က တံခါးတိုင်တို့ကိုပင်ဝင်ဆောင့်မတတ် ။
ခြံစောင့်ဦးလေး၏အသံအောအောနှင့်လှမ်းခေါ်သောကြောင့် ဟိုဆော့အလျင်မြန်ဆင်းရတော့သည် ။
ကိုယ့်မျက်စိကိုယ်ပင်မယုံနိုင်ဖြစ်ရသည်
ဂျောင်ကုကိုယ်တိုင်ကြည်ကြည်ဖြူဖြူဆော့ဂျင်ကိုအိမ်ထိလာပို့တာ။ကားပေါ်မှဆင်းသည်အထိအမှာတမ်းခြွေကာ ခဏကြာမှကားကိုအရှိန်တင်မောင်းထွက်သွားတော့သည်
"ဟိုဆော့"
ရင်တွင်းမှလှိုင်းတံပိုးတို့ရိုက်ခတ်သည်ကြောင့် လူကခွေကျမတတ် ။
"အိမ်ထဲအရင်ဝင်ကြရအောင် ဆော့ဂျင်"
ဟိုဆော့ကပုခုံးထောင့်တို့ကိုထိန်းကိုင်လာပြီး မှီတွဲကာအိမ်ထဲဝင်စေသည်အထိ ဆော့ဂျင်ဟာဖြူဖျော့နေ၏
ဂေဟာကိစ္စအကျဉ်းချုံးပြောပြတော့ ဟိုဆော့ပါရောယောင်ကာသက်ပြင်းရှည်ကိုပြိုင်တူချမိသည်
"ဂျောင်ကုအဖေက သူ့သားကိုတော့ထိခိုက်အောင်မလုပ်လောက်ပါဘူး"
"ဂျောင်ကုတို့မိဘတွေကအရင်ကအချင်းချင်းအဆင်မပြေဘူးလား"
ဟိုဆော့မှိုင်ကျသွားရသည် ။
အတိတ်မှကလေးငယ်လေးတဦး၏ပုံရိပ်ဟာဦးနှောက်ထဲတွင်နေရာယူလာတော့သည် ။အမြဲယုန်သွားကြီးကြီးလေးတွေပေါ်အောင်ရယ်မောနေတဲ့ကလေးငယ် ကိုယ်တိုင်လည်းစာတော်ပြီး ပြည့်စုံတဲ့မိဘတွေကြောင့်လိုလေသေးမရှိခဲ့သည့်ကလေးငယ် ၊ ကျောင်းဝတ်စုံဝတ်အရွယ်ဂျောင်ကုကိုပြန်မြင်ယောင်မိသည် ။
"ဂျောင်ကုဖေဖေကသူ့မေမေကိုငယ်လို့ခေါ်တာလေ
အရမ်းလည်းချစ် အရမ်းလည်းသဝန်တိုတာပေါ့
ပိုးကောင်လေးမွေးသလိုလဲတယုတယသိပ်ရှိတာ
ငယ်ချစ်တွေလို့တော့ပြောတယ် ခုထိရပ်ကွက်ထဲကလူတွေဆိုတွေ့တိုင်းပြောတုန်း"မူလတန်းအပြီးလောက်ထိတကယ်ကိုပျော်စရာကောင်းသော အသိုက်မြုံလေးတခုဖြစ်ခဲ့သည်ဟုထင်၏
အလယ်တန်းနှစ်ဝက်လောက်မှစကာ အခြေနေတို့ကိုပြောင်းပြန်လည်ပတ်ရကာနတ်ဆိုးဝင်ချေတော့သည်
![](https://img.wattpad.com/cover/312302922-288-k97757.jpg)
YOU ARE READING
WHO ARE YOU Mr.KIM ? (✔️)
Fanfiction-"ငါအချိန်ခရီးသွားလာတာကိုယုံလားဂျောင်ကု" -"ကိုယ် မင်းကိုယုံတယ်ကင်မ်" Start date - JinKook day End date - 9.8.2022