Kim 3.

1.1K 148 22
                                    

နေခြည်ခသည်ကကွန်ဒိုဧည့်ခန်းမှန်ပြတင်းတခါးကိုဖြတ်ကျော်ကာမျက်စိကိုတည့်တည့်စူးလာတော့သည်

အချိန်အားဖြင့် မနက်၈နာရီခန့်ပင်
ဂျောင်ကုလည်းမနက်အတန်းအမှီပြေးရဦးမှာမို့
ဆိုဖာပေါ်မှကုန်းထတော့
ခါးပတ်လည်တွင်ခြုံလွှမ်းထားသည့်စောင်တထည်
ညကစောင်ခြုံပြီးအိပ်မိသလားကိုဂျောင်ကုမမှတ်မိ
စဉ်းစားဖို့ကြိုးစားပေမယ့်ဆေးအရှိန်သဲ့သဲ့ကြောင့်
ခေါင်းကအနည်းငယ်ထိုးကနဲ

"နိုးလာပြီလား ဒီမှာထမင်းနဲ့ဟင်းတွေထုတ်ထားတယ်
ပြီးရင်ဘုရားကျောင်းသွားကြရအောင်
ငါအိမ်တော်ကိုပြန်သင့်ပြီ "

ကင်မ်ဟာ လာလမ်းကပုံစံအတိုင်း ဝတ်စုံပြည့်ပြန်ဝတ်ထားပြီး
ထမင်းနှင့်အရန်ဟင်းတို့ကိုအုတ်ဆောင်းထဲမှထုတ်ကာစားပွဲပေါ်တွင်ဖြန့်စီထားသည်

"အင်း စားနှင့်လိုက်ပါ
ပြီးရင်သွားတာပေါ့
မင်းအိမ်ကလူတွေလည်းစိတ်ပူရော့မယ် "

"အထိန်းတော်ကြီးကတော့ ခေါင်းကြိမ်းနေလောက်ပြီ ကျန်တဲ့သူကတော့ပျောက်မှန်းတောင်
မသိလောက်ဘူးထင်ပါရဲ့"

အသုံးနှုန်းကတမူထူးသော်လည်း
ကိုယ်နှင့်ဘဝတူဟုတွေးမြင်မိတော့
ဂျောင်ကုတွေတွေလေးငေးမိသည်

နှဖူးနားကစီးပတ်ထားသည့်အမဲရောင်ခေါင်းပတ်ရယ်
နားထင်နားဖွဲဖွဲကျနေသည့်ဆံစတိုငုတ်တချို့ကိုပင်
သတိထားမိသည်အထိဖြစ်သည်

"မင်းအဲ့ဒါကြီးဝတ်ခဲ့ရင်ဟားစရာဖြစ်နေမယ်
ဒီတော့ညကအဝတ်ကိုလဲဝတ်ခဲ့"

မျက်မှောင်အနည်းငယ်ကျုံ့ရုံမှလွဲပြီး
ထပ်တိုးတုန့်ပြန်မှုကိုမပြုမူပဲထမင်းကိုသာဆက်စားသည်

                       ——🤍🤍——

ဘုရားကျောင်းရှေ့ကားရပ်ပေးတော့
လှေကားထစ်တွေနောက်သို့လှစ်ကနဲပြေးဝင်သည်
မျက်တောင်တဖျတ်ခတ်စာအတွင်းမှာပဲ
ကားဘေးပြန်ပြေးလာပြီး
လက်ကိုဆန့်ထုတ်ကာဝှေ့ယမ်းပြသည်
နှုတ်ဆက်နေဟန်ပင်ဖြစ်သည်

ဂျောင်ကုလည်းခေါင်းကို ၂ချက်၃ချက်လောက်ညိတ်ပြလိုက်တော့ ပြန်ဝင်ပြေးသွားပြန်ပြီ

WHO ARE YOU Mr.KIM ? (✔️)Where stories live. Discover now