Kim 5 .

920 134 25
                                    

ကွန်ဒိုအခန်းငယ်ဟာသိပ်မကျယ်လွန်းသော်လည်း
လူနှစ်ယောက်စာနေဖို့တော့ကျဉ်းကျပ်သည် မ မည်။

အခန်း၂ခန်းပါပြီးစတိုခန်းတခုပါသည်လေ ။

အိပ်ခန်းကိုဆော့ဂျင်အသုံးပြုနိုင်ပြီး
စာကြည့်ခန်းကိုတော့ဂျောင်ကုအပိုင်ဖြစ်သည်
မှတ်စုစာရွက်တွေကကိုယ့်အစီစဉ်နဲ့ကိုယ်စနစ်တကျဖြန့်ကျဲထားသည်မလား ။

ဒီ၃ ၄ ရက်အတွင်းစွဲစွဲမြဲမြဲလုပ်ဖြစ်သည်က
သတင်းစာဖတ်ခြင်းဖြစ်သည် ။
သတင်းကြည့်ခြင်းတို့ကိုလည်းမလွတ်စေရ ။
လူပျောက်သတင်းတို့ကိုရှာဖွေမိနေခြင်းသာ

ပြန်လွတ်ဖို့စိတ်ပူသော်လည်း
မိသားစုနှင့်တွေ့ဆုံစေလိုစိတ်ကလည်းအားအပြိုင်။

သတင်းအစီစဉ်ကိုအခြားသို့ပြောင်းလိုက်သည်က
ခြေသံတရှပ်ရှပ်ကြောင့်သာ ။

ကင်မ်ဟာဘေးဆိုဖာတွင်ဝင်ထိုင်သည် ။

"ရား"

ဆိုဖာပေါ်ကဖက်ခေါင်းအုံးငယ်ကိုပွေ့သည်က
မျက်နှာကိုမကွယ်တမ်း အုပ်ဖို့သာဖြစ်သည်
လက်သီးစုပ်ငယ်ဖြင့် ထုပ်နေသေးတာဟာ
တချက် ၂ ချက် နောက် ၃ချက် ဖွဖွကလေးပင် ။

"ဘာ ဘာဖြစ်တာလဲ"

"ရှက်စရာကြီး ဘာလို့ငါတို့ရှေ့မှာလာဖက်နေတာလဲ"

"ဟင် ဘယ်သူလဲ ဘယ်မှာဖက်တာလဲ"

လက်ညှိုးကောက်ကောက်လေးကိုဆန့်တန်းထုတ်သည် ။ တီဗွီဖန်သားပြင်ကို ညွှန်ပြနေတာသာ ။

"ဒါရုပ်ရှင်လေ"

"ရုပ်ရှင်? ဒါဆိုသူတို့ကအိမ်နီးချင်းလား"

"ဟင် အဲ့ဒါမင်းသား မင်းသမီးတွေလေ"

ဆော့ဂျင်ဆီမှဘာစကားမှထွက်မလာတော့ပေ ။
ဖန်သားပြင်ပေါ်ကိုသာအာရုံစူးစိုက်နေတာကြောင့်ဖြစ်သည် ။ ဂျောင်ကုကိုလည်း လှည့်မကြည့်လာတော့

"ဟေ့ ဟေ့ ဒီမှာ"

လက်ဖျောက်တီးခေါ်သည်အထိ မျက်စံဝတ်တို့ဟာ
ဖန်သားပြင်ဆီသာ မြဲမြံနေသည်
ဆိုဖာအစွန်းနားထိရှေ့တိုးထိုင်လာသည်
ခေါင်းအုံးကိုပိုတင်းတင်းကိုင်လာပြီး
ပိုကွယ်ထားဟန်ဖြင့်သာ ကွယ်ပုန်းကြည့်သည် ။

WHO ARE YOU Mr.KIM ? (✔️)Where stories live. Discover now