Kim 12.

711 111 11
                                    

စတန့်ထွင်သည်ဟုဆိုမည်သော ပြဇာတ်အခမ်းနား

မျက်နှာဖုံးချပ်လေးတွေက ဖြူနီပြာဝါကိုယ်စီ ရောင်စုံ ပုံသဏ္ဍာန်အစုံ ။

ဟိုဆော့ပေးခဲ့သည့်လက်မှတ်ကို အဝင်ဝမှာပြတော့
အညိုရောင်စက္ကူဘူးလေးကိုပါကမ်းပေးသည်

စာပေမေဂျာဟာ သိပ်မကျယ်မခမ်းနားသော်ငြား နွေးစိမ့်သည်

အခမ်းနားကျင်းပရာအုတ်ကျိုးရောင်အဆောင်ကြီးက မီးဝါဖျောတို့လင်းဖန်နေသေးသည်

စင်ဘေးပတ်လည်တွင် အဝတ်စားချိတ်တန်းများနှင့်အတူ ဆံပင်အထုံးဖွဲ့နှင့် ပေါင်ဒါပုတ်ဖို့သောအသင်းတို့ကလည်းယောက်ယက်ခက်နေတော့၏

ပွဲလာပရိသတ်ကလည်း တဆောင်လုံးပြည့်မို့ ရာဝက်လောက်တော့အနည်းလေးရှိမည်

လက်ကိုချိတ်မတတ်တွဲခေါ်လာဖြစ်ခဲ့တော့ တိကျကျနှုတ်ခမ်းပါးတို့ကိုတင်းတင်းစေ့ထားသေးသည်
ဒါဟာဂျောင်ကုမမွေ့ပျော်သည့်သဘော ။

"လက်မှတ်ကတဆောင်ပဲပေးတာဂျောင်ကု
ဝင်ကြည့်ရအောင်ဝယ်လိုက်ပါ ငါဟိုဆော့ကိုအားဖြည့်ပေးချင်တယ်လေ နော်"

ခေါင်းကိုလေးလံစွာငြိမ့်ပြီးလက်မှတ်တစောင်ကိုဖြတ်လိုက်တာနှင့် မျက်နှာဖုံးစက္ကူလွတ်လေးကိုထုတ်ပေးလာသည် ။

"အကို ဒါကဘေးဟိုဘက်ထောင့်နားစားပွဲမှာအရောင်ခြယ်လို့ရပါတယ် တန်ဆာပလာတွေထပ်ဆင်ချင်ရင်တော့ ရောင်းတန်းမှာဝယ်လို့ရပါတယ်ခင်ဗျာ"

အဝတ်ညိုခင်းသောစားပွဲခုံရှည် နှင့်ဘေးမှအမိုးရောင်စုံမိုးရာစျေးတန်းငယ်လေးတို့ကိုညွှန်ပြလာသည်

ဆော့ဂျင်လက်ထဲကဘူးလေးကိုဖွင့်မိတော့မျက်နှာဖုံးလေးတခု ။ ပန်းနုနုအခံခြယ်ထားပြီးမျက်လုံးပေါက်ပတ်လည်တွင်ပုလဲဖြူဥဥလေးတို့စီရီသည် ငှက်မွှေးလေးတခုကထိပ်ထောင့်နားတွင်ထည်ဝါဝါလွင့်လျက်

"လှလိုက်တာ"

ဆော့ဂျင်အာမေဍိတ်သံတခုထွက်မည်မိသည်
တကယ်လည်းသဘောခွေ့သည်ကိုမငြင်းနိုင်ပါ

စက္ကူဘူးညိုလေးမှအစ မျက်နှာဖုံးပန်းရောင်သွေးထက်တဆင့်ဖျောတော့သောငှက်မွေးလေးအထိ အသေးစိတ်ကျနမှုဟာထယ်ယောင်းမူပိုင်စွဲပင်

WHO ARE YOU Mr.KIM ? (✔️)Where stories live. Discover now