မိုးပြေးဟာတိခနဲမရပ်သွားသော်လည်းသည်းထန်မှုမရှိတော့
တပေါက်နှစ်ပေါက်မိုးစက်တို့ကသွန်းဖြာဆဲ ။ဂျောင်ကု၏နှုတ်မှထွက်သောထိုဝေါဟာရကြောင့် ဆော့ဂျင်ထိုလူကိုအကြည့်တွေပို့မိပါ၏
ခက်ထန်ရိုင်းစိုင်းသော အရိပ်ယောင်တို့ပင်ဝေးစွ ၊ ပကတိတည်ကြည်စွာဖြင့် အရပ်ရှည်ရှည်ဝဖန့်ဖန့်ထိုသူဟာ ဂျောင်ကုနှင့်အတော်မျက်နှာကျဆင်၏
နောက်တွင်လည်း ဟိုဆော့ကကပ်လျက်လိုက်ပါခဲ့၏
သိပ်မကြာလိုက် ၊ ရှေ့နေချွဲဟုခေါ်သူရောက်လာပြီးစခန်းအကျော်တွင်ညှိနှိုင်းကြတော့သည် ။
ထယ်ယောင်းကလည်းကျောင်းလမ်းဘက်သို့ပြန်လှည့်သည် ။
ကင်မ်အပြင်မှန်တံခါးကိုမှီလျက်အရိပ်ခြေငဲ့ကြည့်မိသည်က ထိုသူနောက်ခပ်ကုပ်ကုပ်လိုက်သွားခဲ့သောဂျောင်ကုကို ။
အမဲရောင်ပြောင်လက်နေသောကားတစ်စီးရှေ့တွင် နှစ်ဦးသားရပ်နေရင်း ဂျောင်ကုကမူခေါင်းကိုငိုက်စိုက်ချထား၏ ။
လက်သီးတချက်ဟာ ဂျောင်ကုပါးပြင်ပေါ်သို့ကျလာပြီး ဘာကိုတောင်းပန်နေမှန်းမသိစွာ ထိုဖေဖေဆိုသူ၏လက်မောင်းကိုတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ အော်မြည်စကားဆိုနေသည် ။
မိုးစက်တို့က အမိုးရိပ်ကိုခိုတွယ်သည့်ပမာဏများလွန်းလာလေတော့ ထောင့်တို့မှစီးဖြာတော့သည် ။
နာရီတပတ်ဝက်ခန့်လည်ပတ်သွားပြီးတော့ ကားအမဲကြီးလဘ်းမြင်ကွင်းမှမောင်းနှင်ပျောက်ကွယ်သွားတော့သည်
ဂျောင်ကုမျက်နှာတခုလုံး စွတ်ပျံ့သည်ကမိုးရေစက်နှင့် ချွေးစတို့ဟာရောယှက်လျက် ။
ကင်မ့်ဆီတန်းမတ်မတ်ပြန်လျောက်လာပြီး ပုခုံးတို့ကိုဖျစ်ညှစ်လာတော့ ပိုမျက်နှာပူကာအားနာရပြန်၏
"ဂျောင်ကု ငါတောင်းပန်.."
နှုတ်ခမ်းကိုလက်ညှိုးနှင့်ထိကပ်လာကာ လက်ကောက်ဝတ်မှဆွဲခေါ်သည်က စခန်းဝန်းအပြင်ဘက်လမ်းကြားထဲသို့ ။
"ကြိုးပြေနေပြန်ပါပြီ"
ဖိနပ်ကြိုးကိုအရင်ကုန်းချီပေးတော့ ရင်ထဲပိုဆို့နင့်လာတော့သည် ။
![](https://img.wattpad.com/cover/312302922-288-k97757.jpg)
YOU ARE READING
WHO ARE YOU Mr.KIM ? (✔️)
Fanfiction-"ငါအချိန်ခရီးသွားလာတာကိုယုံလားဂျောင်ကု" -"ကိုယ် မင်းကိုယုံတယ်ကင်မ်" Start date - JinKook day End date - 9.8.2022