Kim 18.

787 111 33
                                    

နေခြည်နွေးလေးကမှန်လုံဧည့်ခန်းထဲသို့ထိုးဖောက်သည်က တဖြောက်နှစ်ဖြောက်ရယ် ။
ဆောင်းဦးပင်ဖြစ်သော်ငြားအသားတွင်းထိအေးစိမ့်သည်။ ငှက်သူငယ်တို့ကလည်း အပြိုင်ဆိုင်တေးသီဆိုကြ၏

တင်းကျပ်ထားသောလက်မောင်းတို့မှအနွေးဓာတ်ငယ်၊
ရင်ငွေ့ဟာလည်းအုံ့နွေးနွေး၊
ဆံနွယ်တို့ပေါ်ငုံ့ခြွေသည့်အနမ်းဟာလည်း
အသက်ရှုငွေ့နွေးတို့ယှက်လျက် ။

ဆော့ဂျင်ကိုယ်လေးကနောက်မှဂျောင်ကုသိုင်းဖက်သည်ကိုခံယူမိတာပင်အသားတကျ ။

ဂျောင်ကုတယောက်သူ့ဖေဖေဆီကပြန်ရောက်လာတဲ့ ညနေလောက်တည်းက အိပ်ဆေးတွေပါးစပ်ထဲပစ်သွင်းပြီးအိပ်ပျော်သွားခဲ့ တာ။

သူလည်းဘယ်လိုလုပ်ဆိုဖာပေါ်တူတူဖက်ခံနေရမှန်းမမှတ်မိတော့ ။

ခက်ပါသည် ၊ မသိခင်ကလည်းစိတ်အိုက်ရသလို ဂျောင်ကုဖေဖေမနေ့ကရှင်းပြပြီးကတည်းက လူကစိတ်မကောင်းဖြစ်ရသည်ကတနုံ့နုံ့။

ဂျောင်ကု၏မိဘတို့ သို့မဟုတ် ရုပ်ရှင်ပြဇာတ်ဆန်လွန်းသောဘဝ၂ခုပေါင်းစပ်ခြင်း ။ တက္ကသိုလ်ကျောင်းမှာတွေ့ဆုံခဲ့ရသော ဂျောင်ကု၏မေမေ တဖြစ်လဲအလှဘုရင်မလေးချစ်ကံဆုံသည်က တယောသံသာသာနှင့် နှလုံးသားပေါက်မတတ်ချစ်တတ်လွန်းသောဂျောင်ကုဖေဖေကိုသာ။
တွေ့ဆုံခြင်းဟာသိပ်လှပသလောက် ဇာတ်အိမ်အလယ်ဟာမျက်ရည်တို့နှင့်ရင်နင့်စရာတွေချည်းပေမို့ ဂျောင်ကုမိဘတို့၏ဇာတ်သိမ်းလှလှလေးအတွက် နေခြည်နွေးဥလေးကိုတိုင်တည်ကာဆော့ဂျင်ဆုတောင်းပေးမိပါသည်။

သတိပြန်ကပ်လာကာ လွန့်လူးထမည်လုပ်တော့
ဆံနွယ်တို့ကိုငုံ့နမ်းလာသေးသည် ။
ရုန်းကန်ထတော့မှရယ်သွေးကာလွှတ်ဖယ်ပေးတောသည်။

ဂျောင်ကုနိုးလာရန်အလို့ငှါ ကင်မ်တီဗွီကိုလည်းဖွင့်ထားမိသည် ။ မနက်ခင်းအစီစဉ်တို့ဟာပျင်းစရာတော့အတန်ကောင်း၏ ။

မနက်စာကိုလွန်ကာ မွန်းတည့်နီးသည်အထိဂျောင်ကုကွေးကွေးလေး အိပ်မြည်းနေဆဲပင် ။

"ဂျောင်ကု ထပါတော့ လိမ္မာတယ်"

ဂျောင်ကုမျက်ခွံတဖက်ကိုဖွဖွဖွင့်သည် ။
ကင်မ့်၏ခါးသိမ်တို့မှ ဆွဲယူသိမ်းဖက်သည်မို့ ခန္ဓကိုယ်လေးဟာဝေ့ကနဲ ဂျောင်ကုကိုယ်ပေါ်ပစ်ကျသွားတော့သည် ။

WHO ARE YOU Mr.KIM ? (✔️)Where stories live. Discover now