Kim 14.

785 116 14
                                    

ဤမိဘမဲ့ဂေဟာကျောင်းလေးဟာတခါလာတိုင်းအတွေးတမျိုးကို အသနားခံသေးသည်

သီးစားပင်တို့အဆုံးသတ်နားရှိ ပန်းခြံလေး၏လျောက်လမ်းလေးတခုဟာတကွေ့တပတ်။

ညနေစောင်းမို့ မိုးပြင်ဟာလိမ္မော်နီရောယှက်ကာတိမ်စိုင်တို့ထိပင်အရောင်ကူးလူးစပြုသည်

ကောင်းကင်ကိုငေးမိတော့ ကင်မ်အိမ်တော်ကိုအမှတ်ရပါ၏။ သခင်လေးဟုခေါ်ကာ မိမိမျက်နှာအရိပ်ကဲတွင်ခိုလှုံဖူးကြသူတို့ ကျန်းမာစွာပင်ရှိပါရဲ့လား

အတွေးဂယက်တို့ကိုဖြိုခွင်းသည်က အကြင်သူ၏ကိုယ်သင်းရနံ့လေး ။

စာရွက်ခေါက်ဖြူလွလွလေးကိုလှမ်းပေးသည်
လက်စောင်းနားတွင်မဲညစ်ပေရေနေသောခဲမှုန်စတို့ကိုဆော့ဂျင်တွေ့ဖြစ်အောင်တွေ့လိုက်သေးတာ

ကင်မ်လှမ်းယူမည်လုပ်တော့ ဂျောင်ကုနောက်သို့ တလှမ်းပြန်ဆုတ်လိုက်ပြီးမှ လက်အစုံကိုဆွဲယူလာပြီး လက်ဖဝါးထဲသို့ဖျစ်ညှစ်ထည့်ပေးသေးသည် ။
သူ့လက်သွယ်လျလျတို့ဟာအမြဲဤမျှနွေးထွေးပါဘိ

တိကျကျခေါက်ရိုးချိုးထားသည့်အတွင်းစာမျက်နှာဝယ် ခဲပန်းချီလေးတပုံကိုလှပစွာပုံဖော်ခြစ်ဆွဲထား၏

အခြားမဟုတ် ၊ လက်ကောက်ကောက်လေးတို့ပင်တုန်ယင်လာတော့သည်အထိ မျက်ရည်စဟာဝဲကနဲ။

ရိုးရာဝတ်စုံနှင့်နှုတ်ခမ်းဖူးဖူးတို့က ကင်မ့်၏ပြယုဒ်
ဒါဖြင့် ဒါဟာလည်း ကင့်မ်၏ပုံတူ ။

စာရွက်အောက်ထောင့်နားတွင်ရေးထိုးသည့် သေသပ်သပ်လက်ရေးလေးက ချစ်တယ်ကင်မ်ဟူ၍ ။
မေတ္တာစာပေါ့လေ နှစ်သက်မြတ်နိုးလိုက်ရတာ။

"ငါက စာပေသမားမဟုတ်လို့ ကဗျာတွေစာတွေတော့မကျွမ်းဘူး တတ်သလောက်လျောက်ဆွဲထားတာ"

ခြေဖျားဖွဖွထောက်ကာ လည်တိုင်တွေထိသိုင်းဖက်လာတော့သည်။ ပုခုံးစပ်တို့ပေါ်မေးစေ့လေးမှီတင်သည်က ဆံနွယ်တို့ပင်အရှိန်ကြောင့် ဝေ့ကနဲပန်းသင်းနံ့တို့ကြားလွန့်လူးကုန်သည်

"ငါတန်ဖိုးထားပြီးသိမ်းပါ့မယ် ဂျောင်ကု"

ပြန်ဖယ်ခွါပြီး စာရွက်ပြင်ကိုလက်ထိပ်တို့ဖြင့်မထိမိအောင် ဖွဖွစမ်းပွတ်သပ်ဟန်နှင့် ကင်မ်ဟာကြည်နူးမှုကိုပြသသေးသည် ။

WHO ARE YOU Mr.KIM ? (✔️)Where stories live. Discover now