Kim 11.

858 125 30
                                    

သိုင်းဖက်ထားသည်ကလွှတ်မသွားပဲ မျက်နှာအပ်ကာတရှုံ့ရှုံ့ငိုမည်နေဆဲ ။

"ကင်မ် အရမ်းလန့်သွားတာလား"

"အဲ့ဒါလူအရိုးခေါင်းကြီးမဟုတ်လား"

စားပွဲပေါ်တွင်ထုတ်တင်ထားမိသောအရာကိုလက်ညှိုးညွှန်သည်

"ဟုတ်တယ် ကင်မ်
ဒါကလည်းစာကျက်တဲ့အရာပဲလေ"

ငိုသံခဏတန့်သွားသည် ။

ကြမ်းပြင်ပေါ်သို့ပြန်ခြေချပြီး
မျက်နှာကိုဖယ်ခွါလာကာ ဂျောင်ကုကိုကြည့်လာ၏

"မငိုပါနဲ့ လန့်လည်းမသွားနဲ့ "

ပါးပြင်ပေါ်ဝယ်မျက်ရည်စနွေးသိမ့်စိမ့်တို့ဟာ
ရွှဲစိုနေဆဲ ၊

လက်ဖြင့်ပွတ်သုတ်ပေးတော့ မျက်ခွံတို့ကိုပုတ်ခတ်ခတ်လုပ်သည်ကအားတခုစိုက်သည် ။

ပါးမို့တို့ပင် ရဲတက်ကာပူကျွက်စပြုလေသည်

အသံရှုသံနှုန်းထားက လျော့မသွားသေး ။

"ဟိုဆော့နဲ့ ဆေးရေစိမ်အလောင်းတွေ တွေ့ခဲ့တာမှတ်မိလား"

ပြန်သိုင်းဖက်လာပြီး ပိုတိုးကာကုပ်ဝင်လာသည်က
ဂျောင်ကုရင်ခွင်ကျယ်ထဲ ။

"ဘာလို့ အဲ့ဒါပါပါလာတာလဲ"

"ဟောဗျာ အဲ့လိုပဲလေ
ဒါကလည်းသင်ထောက်ကူပဲပေါ့"

"ဒါဖြင့်ဟိုဟာကရော"

မျက်စိကိုပြန်စုံမှိတ်ထားကာ လက်တဖက်ကိုဆန့်တန်းညွှန်ပြသည်ကလိုက်ကာနောက်ကွယ်သို့ ။

ခေါင်းစခြေဆုံးချီတွဲဆက်ထားသည့် အရိုးစုစိုင်ကြီး

ဘေးတွင်ချိတ်တွယ်သည့် အာရုံကြော၊အရိုးနှင့် အတွင်းအဂါများဆိုင်ရာသရုပ်ပြဗွီနိုင်းကြီးတခုကလူတရပ်စာမြင့်သည် ။

"အဲ့ဒါလည်းတူတူပဲလေ သင်ထောက်ကူပဲပေါ့
ခုနကပြောထားတဲ့သရဲတွေကပ်နေမှာစိုးတာလား"

"ဂျောင် ဂျောင်ကု"

အသံကပြန်နစ်ဝင်သွားသည် ၊
အကျီစမှာတင်းတင်းစုပ်ကိုင်သည်ကြောင့် စုတ်ပြဲရိစပင်ပျိုးနိုင်သည် ။

WHO ARE YOU Mr.KIM ? (✔️)Where stories live. Discover now