Kim 23.

702 105 15
                                    

အတောမသတ်နိုင်တဲ့ငိုရှိုက်သည်တို့ကကွန်ဒိုမျက်နှာကျက်နှင့်နံရံဖြူဖြူတို့ဝယ်ပဲ့တင်ထပ်သည်ကနေ့ညမပြတ်။

တအိမ်လုံးဟာ ကင်မ့်အငွေ့သက်တို့ဖြင့်ထုံသင်းလျက်သာနေသည် မဟုတ်လား။

ဝရံတာမှဝင်တိုးသောနေခြည်ပေါက်နုလေးမှအစ လခြမ်းကွေးဝါဖန့်ဖန့်လေးအဆုံးအထိအလွမ်းတွေချည်း။

အိပ်ဆေးပြားဖြူဝိုင်းဝိုင်းတို့ကလည်း အိပ်မက်လှလှမက်ဖို့ရာမစွမ်းသာနိုင်တော့။

တီဗွီရှေ့ထိုင်မိတော့ ဆိုဖာအိစက်စက်ထဲနစ်ဝင်အောင်ထိုင်တတ်သည့်ခန္ဓကိုယ်ငယ်လေးကိုမြင်ယောင်မိပြန်သည်

စာရွက်တဖျတ်ဖျတ်လှန်တိုင်း စာကြည့်ခန်းဝတွင်ပြူတစ်တစ်ချောင်းရင်း လူမိမှလှစ်ကနဲပြေးသွားတတ်သည့်အကြင်သူသာကိုသတိတရ။

မီးဖိုခန်းဟာလည်း သိပ်မခြားနားခဲ့။
ရေခဲသေတ္တရှေ့ရပ်ကာတသွတ်သွတ်ဝါးနေတတ်သည့်ပါးဖောင်းဖောင်းလေးမှအစ ဘေစင်ဘောင်ပေါ်ချီမတင်ရင်းနမ်းရှိုက်ဖူးခဲ့သည့်နှုတ်ခမ်းစိုရဲရဲတို့အထိအမှတ်ရမိပါ၏

စွန်းထင်းခဲ့ဖူးသောအိပ်ယာခင်းစကိုမြင်တိုင်းရင်ထဲနင့်ကနဲ ။ စောင်ထူထူအောက်ဝယ်မထိတထိဆော့ကစားခဲ့ဖူးသောအချိန်တို့ကိုပင်နောက်ပြန်သွားချင်မိပါသည်။

စက္ကန့်ငယ်၏တစိတ်တပိုင်းတို့ကပင် ပို၍ရှည်ကြာခဲ့သည့်အတိုင်းပင် ။

နေ့ရက်တို့မှလသို့ကူးပြောင်းလာကာ ဆောင်းရာသီကိုလွန်ကာ လွမ်းဖျဖျနွေဦးကပင်ရှေ့မှောက်ရောက်ခဲ့တော့၏

ဘုရားကျောင်းဟာလည်း အိမ်ဦးနှင့်ကြမ်းပြင်သာသာ ။

ဘုန်းတော်ကြီးတချို့နှင့်လည်းစကားစမည်ပြောဖြစ်အထိရင်းနှီးမှုရလာတော့သည်အထိ။

ကားဘေးခုံမှကြွကာတရွှတ်ရွှတ်သူနမ်းခဲ့ဖူးသော မေးရိုးစပ်တို့ကပင်ငိုကြွေးနေခဲ့ပြန်သည် ။

ပန်းရနံ့သင်းသင်းကိုရှုရှိုက်မိတိုင်း ကားနောက်ခန်းသို့လှည့်ရှာမိသည်ကလည်းအယောင်ယောင်မှားမှား

WHO ARE YOU Mr.KIM ? (✔️)Where stories live. Discover now