လေပွေသိမ်းယူသည်ကြောင့်ကင်မ့်အုန်းသီးလုံးခေါင်းလေးမှဆံစငုတ်တိုလေးတို့ပင် တလွင့်လွင့်။ နေကြဲကြဲတောက်ပူနေသော်ငြား မိုးဖွဲတို့ကတစက်တပျောက်ရွာသွန်းနေသေး၏။
ကင်မ်နောက်ပြန်အလှည့်တွင်အမှောင်ရိပ်ကြီးစိုးသောလမ်းကြိုကြားတသွယ်ရှိနေပြီး မျက်နှာမူသည့်ဝန်းကျင်တခွင်တွင်မူမြူမှုန်တို့ဟာစိုင်းထွေကာ ဝိုးတဝါးရှိတော့သည်။
ထိန်းချုပ်ထားသောငိုရှိုက်သံတိုးဖျော့ဖျော့တို့ဟာ နောက်တလှမ်းဆုတ်လေပိုကျယ်လောင်လာလေဖြစ်ကာ ရှေ့တလှမ်းတိုးချိန်တွင်တော့ခေါက်ထီးစိမ်းလေးတလက်ကိုကိုင်ရင်းအကြင်သူဟာတဖက်သို့သာငေးမောရင်းရပ်နေတော့၏။
မြေသင်းနံ့တရှိုက် မိုးပေါက်ငယ်တချို့ ရွှဲစိုနေသည့်အဝတ်ထူဖိနပ်တစုံ ။ ထိုသူပေတည်း ။ ကင်မ်ရှာဖွေနေခဲ့သည့်တခုတည်းသောအဖြေ တဦးတည်းသောခေါ်ယူခဲ့သူ ။ ကြမ္မာဆိုးတို့၏အစတည်ရာရေသောက်မြစ်ပေတည်း။
"ခင်ဗျား ခင်ဗျား..ဂျောင်ကုအဘိုးမလား"
အခြားသူမဟုတ်။ ဆော့ဂျင်ပို၍သေချာသွားခဲ့ချေသည်က ထိုမဂ်လာဓာတ်ပုံဟောင်းတခု။
ယခုထိုလူဟာလေပြင်းတိုက်ခတ်ရာဆုံမှတ်တည့်တည့် တနည်းဆိုရလျှင်ရာစုနှစ်၂ခုကြားတွင်တင်းမာသောမျက်နှာထားဖြင့်တွေတွေငေးကြည့်နေ၏
"ကောင်လေး ပုစ္ဆာရဲ့အဖြေကိုသိပြီးပြီဟုတ်စ"
ဆော့ဂျင်မျက်လုံးကိုစုံမှိတ်ချရင်းခေါင်းကိုငိုက်ချမိလိုက်၏။ လေပြွန်လျောက်ပြည့်လျှံကျမတတ်လေကိုတဆုံးရှုသွင်းမိသည်က ရင်အစုံဟာလေးပင်ပင်
"ဆင့်ခေါ်သူကလည်း.."
"ဦးစွာပထမတောင်းပန်စကားကိုဆိုပါရစေ ဖောက်ဖျားတတ်တဲ့ဒီလူကြောင့်ပဲ မိန်းမ သမီး အဆုံးစွန်ဆုံး မြေးအထိကြမ္မာဆိုးဟာဆန့်တငင်ငင်နဲ့ဖြစ်နေတာကိုဒီဘောင်ဘဝတခုကနေမြင်တွေ့နေရတာကမြေ့မြေ့လောင်ကျွမ်းခံနေရသလိုပါပဲ ဒါတွေကိုအဆုံးသတ်နိုင်ဖို့ဖြူစင်တဲ့အနွေးဓာတ်နှလုံးသားပိုင်ရှင်လေးတဦးလို့ဆင့်ခေါ်ခဲ့မိပါတယ် ကံကောင်းထောက်မတယ်ပဲပြောရမယ် အဲ့ချိန်မှာလူလေးကလည်းတူညီတဲ့ဆုတောင်းကိုပြုခဲ့တာနဲ့တိုက်ဆိုင်ခဲ့ပြန်တယ်"
YOU ARE READING
WHO ARE YOU Mr.KIM ? (✔️)
Fanfiction-"ငါအချိန်ခရီးသွားလာတာကိုယုံလားဂျောင်ကု" -"ကိုယ် မင်းကိုယုံတယ်ကင်မ်" Start date - JinKook day End date - 9.8.2022