Kim 2.

1.3K 169 18
                                    





ထပ်တိုးတုန့်ပြန်မှုကင်းမဲ့သွားသည်ကနှစ်ဦးလုံး ။
၁မိနစ်လောက်ဆိတ်ဆိတ်သွားမှုဟာပင်သနားစဖွယ်

ထပ်အကြည့်တွေခိုးယူမိတာက
နောက်ကြည့်မှန်မှတဆင့်ဖြစ်သည်
ထိုသူဟာ ခေါင်းကိုတဆုံးငုံ့ထားသည်
အမြင်မမှားမိဘူးဆိုရင်
ဝတ်ရုံကြားမှ လက်တပြားစာအစိမ်းရောင်ပစ္စည်းတခုကိုပွတ်သပ်နေသည်
ပန်းရောင်ကြိုးကျစ်စလေးတွေဟာ
လက်ချောင်းဖြူဖြူသွယ်သွယ်လေးကြား တွယ်ကပ်လျက်

"သွားမယ်ဆို ဆင်းတော့လေ"

လေသံနည်းနည်းမာသွားသလားဂျောင်ဂုမသိလိုက်။ ဦးခေါင်းကိုပြန်လည်ထောင်မတ်သည်ကဆတ်ကနဲ
ဦးထုပ်ရှည်ကြိုးမှပုတီးလုံးလေးများပင်
တခုနဲ့တခုရိုက်ခတ်သွားသံဟာတိုးညှင်းစွာ

"အဆောင်တံခါးဖွင့်ပေးလေ"

ခက်သည် လူဆိုးပုံမပေါက်သောသူဟာ
လူကောင်းပကတိလည်းမဟုတ်နိုင်
ပြောဆိုသည့်အသုံးနှုန်းများမှာပုံမှန်မဟုတ်

စာနာစိတ်တချို့ဟာ
အတွေးအာရုံကိုတံခါးခေါက်သော်လည်း
အသိစိတ်ဟာပြန်လည်အနိုင်ပိုင်းသည်
ကိုယ်ကိစ္စနဲ့တွေတင်ကိုယ်ဟာလုံးပန်းနေရတာ

ဂျောင်ကုနှုတ်ခမ်းကိုတင်းတင်းစိလိုက်ပြီး
လေပူတွေကိုတဆုံးမှုတ်ထုတ်သည့်
နောက်မှသက်ပြင်းရှည်ကကပ်ပါသည်

ကားတံခါးကိုထဖွင့်ပေးတော့
ဆင်းလာသည်ကခြေတဆောင့်ဆောင့်
သို့သော်ကြမ်းကြမ်းတမ်းတမ်းတော့မဟုတ် ။

လူသွားလမ်းပေါ်ပျင်းတွဲတွဲရပ်ပြီး
ဦးထုပ်ကိုပြန်လည်တည့်မတ်သည်က
လက်မှအားတခုဖြင့်သာ
လက်တဖက်စွန်းမှမှင်များဟာလည်း
မိုးရေကြောင့်ပင်ပိုမိုပျံ့စွန်းနေဟန်
ဝတ်စုံ၏အောက်ခြေဖျားမှာလည်းစွတ်စိုနေပြီး
ပိတ်စအသားနှင့်လုပ်ဟန်ပေါ်သောဖိနပ်ဟာလည်း
ရေအလေးချိန်ကြောင့်လေးပင့်နေချေမည်

နောက်ပြန်လှည့်မကြည့်သင့်တော့ ...
ထိုလူနှင့်ဘီး၃ပတ်လိမ့်စာအကွာဝေးရောက်တာနှင့်
ကားအရှိန်ကိုတဆုံးတင်သည်
ကားဘီးလည်ပတ်ရှိန်ကြောင့်
ရေမှုန်များပင်ကားမှန်သို့ရိုက်လွင့်လာသေးသည်

WHO ARE YOU Mr.KIM ? (✔️)Where stories live. Discover now