လက်တစမ်းစမ်းနှင့်နိုးလာတော့ဘေးမှအနွေးဓာတ်ငယ်တခုရှိမနေခဲ့ပဲ ကုတင်တခြမ်းဟာအေးစက်၍သာနေ၏
စာကြည့်ခန်းတွင်းမှစားပွဲတင်မီးအိမ်စူးစူးကဖြာလင်းလျက်သား ။
စာရွက်အပိုင်းစတို့က ကြမ်းပြင်နှင့်စားပွဲပေါ်ဝယ်ဖြန့်ကြဲလျက်ရှိနေကာခြေချစရာနေရာပင်မရှိနိုင်။ ဘောပင်တချောင်းကိုမြဲမြဲကိုင်ကာအကြင်သူဟာတော့အိပ်မောကျလျက်သာရှိ၏
စားပွဲထောင့်ရှိ ဂျူတီကုတ်အဖြူလေးကပင်ညစ်ထေးထေး။ ဖြန့်ကြည့်မိတော့ဂျောင်ကု၏ကိုယ်သင်းနံ့ဟာဝေ့ကနဲသင်း၏ သဘောခွေ့စွာပင်ဝတ်ခြုံကြည့်မိပါ၏
ဂျောင်ကုနှင့်အရပ်သိပ်မကွာသော်ငြား ဂျောင်ကုကခန္ဓကိုယ်ပိုတောင့်တင်းကာထွား၏ ။ ဤဂျူတီကုတ်ဖြူဖြူဟာ ကင်မ့်အတွက်ပွယောင်းယောင်းလေးသာ။
ခြေဖွဖွနင်းကာဘေးသို့ဝင်ထိုင်လိုက်မိသည်
ဂျောင်ကုကဒီရက်ပိုင်းတွေအတွင်းမှာအတော်စိတ်အခြေနေအကောင်းဘက်သို့ကူးပြောင်းနေချေပြီ။ ကင်မ့်ခေါင်းပတ်တီးဖြေသည့်နေ့မှစကာ အကြင်သူကဒေါက်တာကင်မ်နှင့်လည်းပုံမှန်counseling ကိုလည်းခံယူ၏။
နားထင်စပ်ဆံနွယ်တို့တွက်တွဲခိုနေတတ်သည့်ဇောချွေးပေါက်တို့ကိုမတွေ့ရတော့ ။ အိပ်မက်ဆိုးတို့ခြောက်လှန့်သည်ကိုလွန်ကာ ညည်းညူးယောင်ယမ်းသည်တို့လည်းကျဲပါးလာခဲ့၏။
ဝင်သက်ထွက်လေမှန်မှန်နှင့်နှစ်ခြိုက်ခြိုက်အိပ်မြည်းနေသောချစ်သူကိုငေးမိတော့မွေးညင်းစိမ်းလေးတို့အထိပင်အချစ်လှိုင်းငယ်လေးကပုတ်ခတ်ချင်ချင်။
ဂျောင်ကုတယောက် မိမိကိုတနေကုန်အချိန်ပေးပြီးညလုံးပေါက်စာကျက်နေတန်သည်ကိုဆော့ဂျင်သိပါ၏။ တခါတရံမိနစ်ပိုင်းမျှမမြင်ရလျှင်ပင်အချစ်လျော့သည်ဟုယူဆမိသည်ကိုပင်အားနာမိပါသေးသည်
ထိပ်လုံးကာအနားသတ်သောနှာတံခပ်မြင့်မြင့်မှ နှုတ်ခမ်းအောက်မှမှည့်နက်လေးထိ ထိတွေ့မိသည်ကတမြတ်တနိုး။ မေးရိုးထင်းထင်းတို့နှင့်သွေးကြောစိမ်းတို့ကြောင့်ပင် ရင်ခုန်ရသည်ကဒိတ်ကနဲ။
YOU ARE READING
WHO ARE YOU Mr.KIM ? (✔️)
Fiksi Penggemar-"ငါအချိန်ခရီးသွားလာတာကိုယုံလားဂျောင်ကု" -"ကိုယ် မင်းကိုယုံတယ်ကင်မ်" Start date - JinKook day End date - 9.8.2022