Kim 9.

864 139 15
                                    

ညအမှောင်၏အလွန်ဝယ်
အိမ်မက်ဆိုးတွေ
ငိုကြွေးခဲ့တဲ့ မိုးရေစက်ပေါက်တွေချည်း ။

ဒီညမှမိုးဟာလည်းသည်မည်းမဲသည် ။

မျက်ခွံတို့ဟာပုတ်တခတ်ခတ် လှုပ်တသတ်သတ်မို့
လက်ကိုအုပ်မိုးစုပ်ကိုင်သည်ကအရင်
ခေါင်းကိုပွတ်သပ်ပေးမိခြင်းနှင့်အဆုံးသတ်တော့
နှဖူးပေါ်ဝဲကျနေသောဆံနွယ်တို့အောက်မှ
မျက်ခုံးတွန့်တို့ပြန်လည်ပြေလျော့လာတော့သည်

တမှေးအိပ်ပျော်မိသည်က
မိုးအေးအေးနှင့်ကွေးချင်စိတ်ကြောင့်သာ ။
ပိုတိုးကပ်အိပ်မိသည်
ဆိုဖာပေါ်အိပ်ပျော်လျက်သား ဂျောင်ကုဘေးနေရာလွတ်ပေါ် ခေါင်းအုံးလျက်သားလေး ။

ဆော့ဂျင်တရေးရလာသည်အထိဂျောင်ကုမနိုးသေး

ကော့ပျံတက်နေသည့်မျက်ခုံးတန်းကို
ဖွဖွထိကြည့်မိသည် ။
နောက်မျက်တောင်စိပ်စိပ်တွေ
မျက်ခွံလှုပ်စစတွေအထိ ပွတ်သပ်ထိတွေ့မှုဟာ
လက်ညှိုးထိပ်ဖျားနှင့်သာ ။

"ကင်မ်အိမ်တော်ကိုပြန်ဖို့ဖြစ်နိုင်တယ်ထင်လား
လသာသာညတွေဆို အိမ်တော်ရှေ့ကန်ကြီးက
ကြာပန်းပင်တွေကိုငေးရတာသတိရသား
ကြာပင်တွေက နေရောင်ကြောင့်
ပျက်စီးညှိုးငယ်ရတာလို့တွေးဖူးတယ်။"

ကင်မ်ပြတင်းပေါက်ဘက်သို့လှည့်ကြည့်မိသည်

လွတ်ထွက်မသွားသော ဂျောင်ကု၏လက်တို့ထဲ
ဆုပ်ကိုင်လျက်သား ။

"နေကြာပင်တွေကိုတော့ ကြိတ်ချီးကျူးဖူးတယ်
မြို့ပြင်ကနေကြာပင်ခင်းတွေက
နေရှိရာကိုမူပြီး ပွင့်လန်းလှပကြတာလေ
တကယ်တော့ ကြာတွေကပျော့ညံ့တာမဟုတ်ပါဘူး
သူ့ပျော်တဲ့ရပ်ဝန်းတခုရှိတယ်လို့ထင်တယ်
မင်းလည်းဒီရပ်ဝန်းကိုရှာတွေ့နိုင်ဖို့မျော်လင့်တယ်ဂျောင်ကု"

တယောက်စာကြားယုံမျှရေရွတ်မိနေခြင်းသက်သက်

"မင်းကိုလည်းခေါ်သွားချင်မိသေးတယ်
ပွဲတော်ရက်တွေဆို လမ်းကြားတွေထဲ
မီးအိမ်လေးတွေ စျေးတန်းတွေပတ်ကြည့်ရတဲ့
အရသာကဘယ်လိုဆိုတာ မင်းကိုသိစေချင်ပါရဲ့"

WHO ARE YOU Mr.KIM ? (✔️)Where stories live. Discover now