နှစ်ဝက်စာမေးပွဲဟာနီးသထက်နီးလာတော့သည် ။
လူနာနှင့်ထိတွေ့မှုများရန်အတွက် လက်တွေ့အတန်းတို့ဟာတချိန်မှ အလွတ်ခံ၍မဖြစ်သလို
စာတွေ့စာမေးပွဲအတွက်လည်းမနက်လက်ချာ
နေ့လည်စာကြည့်တိုက်နှင့် တပတ်လည်ပတ်ရတော့သည်ဂျောင်ကုဟာဒီရက်ပိုင်းကျောင်းမှာပိုအချိန်ကုန်လာတော့သည်
ကင်မ့်အတွက်ပြန်ငဲ့မိတော့ အားနာရသည်ကဂျောင်ကုပင်
ကျောင်းဝန်းထဲ ဟိုနားငုတ်တုတ် ဒီနားမတ်တပ်နှင့်
ကောင်လေးဟာ ညည်းညူခြင်းမပြုခဲ့သော်လည်း
ပျင်းနေမည်မှာသေချာသည် ။တခါတလေ ဟိုဆော့နှင့်ထယ်ယောင်းကအဖော်ပြုထားပေးတတ်သည် ။ ဒါကိုလည်းဂျောင်ကုကျေးဇူးတင်ရသည် ။ သို့သော်အမြဲမဟုတ်နေပြန်ပေဘူး ။
ဂျောင်ကု တခုခုကိုကြံရတော့သည် ။
မိုးဖွဲဖွဲရွာတဲ့တရက် ။
လက်တွေ့တန်းကိုတချိန်စာစောဆင်းလိုက်မိသည် ။ရူးမိုက်ခြင်းမမြည်သောစွန့်စားခြင်းဟာ
စာအုပ်ဆိုင်မပိတ်ခင်ခေါ်သွားဖို့အတွက်ဖြစ်သည် ။အုန်းသီးလုံးလေးလက်မှဆွဲခေါ်မိတော့ ဆံနွယ်အိအိတို့ဝဲကျသည်အထိ ဂျောင်ကုခြေလှမ်းကျဲတို့နောက်အမှီလိုက်သည်က သုတ်သုတ်လျင်စွာ။
သစ်ကြမ်းထည်ကိုချောပြောင်ထားသော
စာအုပ်စင်တို့ဟာ မျက်နှာကျက်ထိမြင့်မားသည် ။
စာအုပ်အရေတွက်ဟာ ရေတွက်ကြည့်လျှင်ခန့်မှန်းထောင်ကျော်မျှရှိလောက်သည် ။နံရံနှစ်ဖက်မှာမှန်ဖြင့်သာကာရံထားသောကြောင့်အပြင်ရှုခင်းစိမ်းစိမ်းတို့ကိုထိုးဖောက်မြင်နေရသည်
လှေကားထစ်တို့မှာ ခဲဖျော့ဖျော့ရောင်၃ဆင့်မျှသာ ။စာအုပ်စင်တို့နား အလျှိုလျှိုလူတချို့လည်း ရှိသည်
တချို့ဟာတော့စားပွဲခုံတို့တွင်ထိုင်ဖတ်လျက်သား ။ကင်မ်ဟာ နှုတ်ခမ်းလွှာနီထွေးထွေးတို့ပင် ဟစိစိ ။
ပါးစပ်ကိုလက်ဖြင့်ဖုံးအုပ်သည်က တအံ့တဩဟန် ။
ဂျောင်ကုလက်မောင်းကိုဆွဲလွှဲဟန်ဖြင့်ဆော့လာသည် ။ ကင်မ်သိပ်ကိုသဘောကျနေမှန်းသိသာသည် ။
YOU ARE READING
WHO ARE YOU Mr.KIM ? (✔️)
Fanfiction-"ငါအချိန်ခရီးသွားလာတာကိုယုံလားဂျောင်ကု" -"ကိုယ် မင်းကိုယုံတယ်ကင်မ်" Start date - JinKook day End date - 9.8.2022