Ending

1.5K 135 54
                                    

မိုးဖွဲဖွဲလေးတွေရွာတဲ့နေ့တနေ့ပါပဲ ။

မိုးညို့တိုတိုလေးမှိုင်းတာနဲ့ဘုရားကျောင်းသို့အမျှော်တော်ကြွရသည်ကိုပင်ဂျောင်ကုအသားတကျ၊ မမောနိုင်မပန်းနိုင်ရှိလှသော်လည်းဖုန်ထောင်းထသည့်ကျေးရွာလမ်းတို့ကိုဖြတ်မောင်းရသည်မို့ စိတ်အိုက်ပြန်၏။

ကင်မ်ပြန်မပါလာခဲ့သည့်အိမ်ပြန်လမ်းတို့ကဆွေးဆွေးမြေ့မြေ့။

လမ်းခရီးရှည်ကမပန်းပါ
အလွမ်းဒဏ်ကြောင့်သာစိတ်နွမ်းမိပါ၏

သစ်သားအိမ်ဆောင်အလွတ်မကျဉ်းမကျယ်လေးကိုကိုယ်ပိုင်ဆေးခန်းအဖြစ်အသက်သွင်းခဲ့သည်ကလပိုင်းမျှပင်ရှိချေပြီ။ လှေကားထစ်၃ဆင့်ပေါ်အသာလှမ်းရင်း နောက်မှီကြိမ်ကုလားထိုင်ပေါ်ပစ်လှဲချလိုက်တာနှင့်တရေးတမောအိပ်ပျော်လိုက်ချင်သည်။

ထိုဆန္ဒတို့ဟာမပြည့်မြောက်ခဲ့လိုက်..

ဆေးရုံဂျူတီနားရက်လည်းဖြစ်၍သာတော်တော့သည်၊ နယ်မြို့လေးဖြစ်သည်မို့ဆရာဆရာနှင့်အသေးစိတ်ကအစအားကိုးတကြီးရှိကြ၏။

ယခုလည်းကာကွယ်ဆေးထိုးရန်ညနေမှသာအချိန်သတ်မှတ်ထားခဲ့သော်လည်း အိမ်ရှေ့တကြော်ကြော်ခေါ်ကာငှက်ပျောခိုင်ဝင်းဖန့်ဖန့်တို့မှအစဘူးသီးငရုတ်ကြက်သွန် ဆန်ဆီတို့အထိစုံစိအောင်လာပေးနေသည်ကြောင့် ဖင်ပူအောင်ပင်မထိုင်နိုင်သေးချေ။

ကုလားထိုင်ကိုပြန်ဆွဲအယူဝယ် တဆာဆာခေါ်သည့်အသံကြောင့်ကြိမ်လက်ကိုင်ကိုသာကျစ်ကျစ်ဆုပ်ကာ သက်ပြင်းတချက်သာချမိ၏

"ဆရာဝန်လေး ဆရာလေးဂျောင်ကု"

အခြားမဟုတ် ၊ ဝူဆွန်းသာ။ အလယ်တန်းအရွယ်ကလေးငယ်ဟာ ဂျောင်ကုစာကူပြပေးနေသောကလေးအုပ်မှကလေးငယ်တဦးသာဖြစ်၏ သွက်သွက်လက်လက်ရှိကာ ဂျောင်ကုဆေးခန်းအကူဝိုင်းစောင့်တတ်ပြီးချောင်းပေါက်မတတ်လာတတ်သူပင်။

"အေး ပြောကွာ အလောတကြီးနဲ့"

"ဆရာလေးဒီကိုမလာခင်ကဆံသဆရာများလုပ်ခဲ့သလား"

"ဟ ပေါက်ပေါက်ရှာရှာကွာ ထူးထူးဆန်းဆန်းတွေမပြောနေနဲ့ အဲ့မှာငှက်ပျောသီးတွေလာပေးသွားတယ် စားချင်ယူစား ညနေကာကွယ်ဆေးထိုးမှ အိ အာ မအော်နဲ့"

WHO ARE YOU Mr.KIM ? (✔️)Where stories live. Discover now